Part13

115 10 2
                                    

Unicode

ညရောက်တော့သူလက်ဆောင်များကို ကိုကိုမောင့်ရင်ခွင်ထဲတွင်ထိုင်ကာဖွင့်ဖောက်ကြည့်လိုက်၏...လူကြီးများပေးသည့်လက်ဆောင်များကနာရီ...အင်္ကျီ..ဘောင်းဘီကဲ့သ်ို့ပစ္စည်းများ
ဖြစ်သည်...

မိုးတိမ်ပေးသည့်လက်ဆောင်ကိုဖောက်လိုက်တော့အခုတစ်လောကျော်ကြားနေသည့်စာအုပ်ပင်...သူလဲလိုချင်နေတာကြာပြီ​ဖြစ်၍အတော်ပင်ပျော်သွားရသည်...

''အာ...''

ကိုကိုမောင်ကအာလူးချောင်းကြော်ကိုကိုင်ကာကိုကိုချစ်ပါးစပ်နားတိုးပေးပြီး'အာ'ဟုပြောလာသဖြင့်ကိုကိုချစ်ပါးစပ်ဟပြီးစားလိုက်၏...

ထိုသို့ကိုကိုမောင်ကခွံ့ကျွေးလိုက်သူကစားပြီးလက်ဆောင်ဖောက်လိုက်နှင့်ကိုကိုချစ်တစ်ယောက်အလွန်ပင်ဇိမ်ကျနေလေသည်...

ထိုမြင်ကွင်းကိုတံခါးနားမှချောင်းကြည့်နေသည့်ဒေါ်ဝတီကိုနှင့်ဦးချစ်သဲမောင်မှာလဲကြည်နူးမှုအပြည့်​​ဖြင့်ရှိနေသည်...နောက်ဆုံးတော့သူတို့သားလေးကသူတို့ရဲ့ဆန္ဒအတိုင်းလင်ရသွားလေပြီ...ထိုသို့တွေးရင်းတံခါးလေးကိုသေချာပြန်စိပေးခဲ့လိုက်၏...

ကိုကိုချစ် ရူပ၏လက်ဆောင်ဘူးကိုဖောက်မည်အပြုတွင်နည်းနည်းတော့မျက်ခုံးလှုပ်နေသည်...အဲ့ကောင်ကယုံရတာမဟုတ်...အမြဲပေါက်ကရတွေလျှောက်လုပ်တာ...အရင်နှစ်မွေးနေ့တုန်းကဆိုရူပပေးတဲ့လက်ဆောင်ကိုဖောက်ကြည့်လိုက်တော့လှုပ်ရှားနိုင်သည့်functionပါသည့်အန်နာဘယ်လ်အရုပ်ကြီးကိုတွေ့လိုက်ရသဖြင့်ကိုကိုချစ်အကြောက်လွန်ပြီးမေ့လဲသွားသေးသည်...

အခုလဲလက်ဆောင်ပေးသွားတုန်းကပြုံးစိစိနဲ့...ဘာတွေထပ်ကြံစ​ည်ထားလဲမသိ...ထို့ကြောင့်ကိုကိုမောင့်ကိုသာဖောက်ခိုင်းရန်တွေးလိုက်သည်...

''ကိုကိုမောင်...ကျွန်တော့်ကိုဒါလေးဖောက်ပေး...''

ရင်ခွင်ထဲကနေသမင်မျက်ဝန်းလှလှလေးများနှင့်မော့ကြည့်လာကာပြောလာသောကိုကိုချစ်ကြောင့်...

''ချစ်ကိုဒါလေးဖောက်ပေးပါလား ကိုကိုမောင်လို့ပြောရင်ဖောက်ပေးမယ်...''

My lovely Ko Ko Maung(Season1)(complete)Where stories live. Discover now