Part18

90 6 0
                                    

Unicode

''ညီလေးတို့ကဒါလေးတောင်မသိဘူးလား..အ​စ်ကိုတို့ကမြွေဟောက်အဖွဲ့လေ...မြွေနတ်ဘုရားရဲ့အခွဲတစ်ခုပဲ...ညီလေးတို့ကိုကြည့်ရတာနတ်ဘုရားတွေအကြောင်းတောင်မသိတဲ့ပုံပဲ...ဒီစမ်းသပ်ချက်တွေကအခန့်မသင့်ရင်သေစေနိုင်တဲ့အထိကိုအန္တရာယ်ရှိတယ်နော်...အစ်ကို့အထင်တော့ညီလေးတို့နှုတ်ထွက်လိုက်ရင်ကောင်းမယ်ထင်တယ်..အစ်ကိုကစိတ်ပူလို့ပြောတာပါ...ညီလေးတို့ကြည့်ရတာသိပ်မဟန်ဘူးလေ...''

ေလသံကနူးညံ့နေကာသူတို့အတွက်တွေးပေးပြီးပြောသည့်ဟန်ပေါက်သော်လည်းစကားထဲတွင်ဓားများကိုဝှက်ထားလေသည်...ထိုလူဆိုလိုချင်သည်မှာသူတို့ကစမ်းသပ်ပွဲကိုလာတာတောင်မှနတ်ဘုရားနဲ့ပက်သတ်တာတွေကိုမသိသည့်ငတုံးတွေ၊ပထမအဆင့်စမ်းသပ်ချက်များကို​တောင်အောင်မြင်နိုင်ခြေမရှိသည့်အသုံးမကျသည့်လူတွေဟူ၍တစ်ဖက်လှည့်နှင့်ပြောလ်ိုက်ခြင်းပင်...

အနီရောင်ကိုယ်ကျပ်လေးများဝတ်ထားသည့်အဖွဲ့မှလူသစ်လေးများကိုကူညီပေးရန်ထမည်အပြုတွင်ကိုကိုချစ်၏မဟုတ်မခံစွာတေးလန် moodဝင်သွားကာထပြောလေသည်...

''အစ်ကိုကစိတ်ပူပေးစရာမလိုပါဘူး...ကျွန်တော်တို့အရည်အချင်းကျွန်တော်တို့သိပါတယ်...စိတ်ပူပေးတဲ့အတွက်ကျေးဇူးပဲ''

ကိုကိုမောင်လဲထိုလူ၏ပုံစံကိုခန့်မှန်းမိသဖြင့်သူ့ကလေးလေးဘက်ကဝင်ပါပေးချင်သော်လည်းကလေးလေးက'စိုက်ကြည့်အလိုက်သိ'ဟူသောပုံဖြင့်ကြည့်လာ၍ငြိမ်ငြိမ်လေးထိုင်နေရသည်...မိုးတိမ်နှင့်ရူပကပါကိုကိုချစ်ကိုယုံလ်ိုက်ဟူသောသဘောဖြင့်မျက်စ်ိတစ်ဖက်မှိတ်ပြလာသောကြောင့်ကိုကိုမောင်လဲကိုကိုချစ်ဘယ်လိုဖြေရှင်းမလဲဆိုတာကိုစိတ်ဝင်စားနေမိသည်...

''အိုး...ငါကစိတ်ပူလို့ပြောတာပါ...မင်းတို့ကြည့်ရတာ​ပျော့တိပျော့ဖတ်နဲ့အခြောက်လေးတွေနဲ့တူ​ေနလို့လေ...ရွံစရာကောင်းလိုက်တာ...ဒီလောက်မိန်းမတွေပေါနေတာကိုယောကျ်ားလေးအချင်းချင်းကြိုက်ရတယ်လို့...''

စိတ်ထားကောင်းဟန်ဆောင်နေသည့်မျက်နှာဖုံးကိုခွာချလာကာအစ်ကို..ညီလေးဟူသည့်နာမ်စားများသုံးရာကနေ၊ငါတွေမင်းတွေပါဖြစ်သွားပြီး
စော်ကားသည့်စကားများပြောလာသောကြောင့်ကိုကိုချစ်၏ညာဘက်နှုတ်ခမ်းထောင့်ကအပေါ်သို့ကော့တက်သွားပြီးပြောလာသည်...

My lovely Ko Ko Maung(Season1)(complete)Where stories live. Discover now