Finalမမည်သောFinal

244 4 0
                                    

Unicode

ကိုကိုချစ်မှာစိတ်တွေထုံထိုင်းနေသည့်ကြားကစောင်းကိုထုတ်လိုက်ကာအားတင်းပြီးလက်ကိုစောင်းကြိုးပေါ်တင်လိုက်၏။

'တောင်'

ဟူသောစောင်းသံထွက်လာသ​ည်နှင့်လေးယောက်လုံးမှာနာကျင်နေသည့်ဝေဒနါများယူပစ်လိုက်သလိုပျောက်သွားသည်။

မိုးတိမ်ကထိုလူကြီးရှေ့သွားကာညှို့ငင်နိုင်စွမ်းကိုအစွမ်းကုန်ထုတ်သုံးလိုက်တော့ထိုလူကြီးမှာဒူးထောက်ကျသည်အထိဖြစ်သွားသည်။

ရူပကထိုလူကြီး၏နဖူးကိုထိလိုက်ပြီးထိုလူကြီးအကြောက်ဆုံးသောလူပုံပြောင်းလိုက်သည်။

ကိုကိုမောင်မှာလည်းထိုလူ၏မျက်လုံးကိုစိုက်ကြည့်လိုက်သည်နှင့်ထိုလူကြီးမှာကြောက်မက်ဖွယ်မှတ်ဉာဏ်များထဲတွင်ထပ်တစ်လဲလဲပိတ်မိနေတော့သည်။ကိိုကိုချစ်ကစောင်းကိုသုံးကာအသံဖြင့်တိုက်ခိုက်လိုက်တော့ထိုလူကြီး၏နားများမှသွေးများထွက်လာသည်။

ထိုလူကြီးကပြန်ထလာပြီးသူ၏စွမ်းအားကိုသုံးကာတိုက်မည်အပြုတွင်...လေးယောက်လုံးမှာအစောင့်အရှောက်သားရဲများကိုချည်ရာတွင်သုံးသည်ကြိုးထက်ပိုမာပြီးပိုကြီးသောကြိုးဖြငိ့တစ်ပြိုင်နက်ထဲချည်နှောင်လိုက်ကြသည်။

မိုးတိမ်ကလဲကျနေကာတအီအီအသံပြုပြီးအော်နေသောမြေခွေးလေးကိုကြည့်ကာပြောလာသည်။

''သူ့ခေါင်းကဒဏ်ရာကအဲ့လောက်မဟုတ်ဘူး။ဝိဉာဥ်ကတိုက်ခိုက်ခံလိုက်ရလို့သူနာကျင်နေရတာဖြစ်မယ်''

ထိုသို့ပြောပြီးစမ်းချောင်းလေးမှရေနှင့်မြေခွေးလေး၏ခေါင်းမှဒဏ်ရာကိုဆေးပေးလိုက်တော့သွေးများမရှိတော့ပဲသန့်သွား၏။မြေခွေးလေးကတော့အော်နေဆဲပင်။

ကိုကိုချစ်လည်းသူ၏စောင်းကစိတ်ဒဏ်ရာများကိုကုသပေးနိုင်သည်ဆိုသောအချက်ကိုသတိရသွား၏။

ထို့ကြောင့်မိုးတိမ်ကိုညှို့ငင်နိုင်စွမ်းသုံးပြီးမြေခွေးလေးကိုစိတ်တည်ငြိမ်အောင်လုပ်ပေးရန်အရင်ပြောလိုက်၏။

မိုးတိမ်ကညှို့ငင်နိုင်စွမ်းကိုသုံးလိုက်​ပြီးမြေခွေးလေးကိုပြောလိုက်သည်။

My lovely Ko Ko Maung(Season1)(complete)Where stories live. Discover now