Part42

52 6 0
                                    

Unicode

သူတို့လေးယောက်သားအနောက်ကလိုက်လာသည့်မင်းသမီးများကိုမျက်ခြေဖျက်ကာအခန်းတစ်ခန်းထဲဝင်ပုန်းနေလိုက်၏။

တွေ့ကြံခဲ့ရသည်များကိုအပြန်အလှန်ပြောပြလိုကြသည်နှင့်ကိုကိုချစ်နှက့်ရူပတွေ့ခဲ့ရသည့်မင်းသမီးများ၏အခြေအနေမှာတူညီနေပြီးကိုကိုမောင်နှင့်ရူပကတော့အခြေအနေမတူသည့်မင်းသမီးများနှင့်ကြုံခဲ့ရသည်ကိုသိသွားကြ၏။

ကိုကို​မောင်ကအခန်းထဲရှိပြတင်းပေါက်ကိုကြည့်လိုက်ပြီး...

''ငါတို့ဒီပြတင်းပေါက်ကနေဆင်းမှရမယ်ထင်တယ်...မင်းသမီး တွေကအရမ်းအပြေးသန်လွန်းတယ်!ငါတို့သာသူတို့လက်ထဲမိသွားခဲ့ရင်မတွေးရဲစရာတွေဖြစ်ကုန်လိမ့်မယ်''

အားလုံးကသဘောတူလိုက်သည်။ကိုကိုချစ်က
ပြတင်းပေါက်အပြင်ဘက်ကိုကြည့်လိုက်တော့မြေပြင်နှင့်အနည်းငယ်သာကွာဝေးသည်ကိုသိလိုက်ရသည်။အောက်ဆင်းရာတွင်အသုံးပြုဖို့
လေးယောက်လုံးအတူတကွ၊လိုက်ကာစများကိုဖြုတ်လိုက်ကာတစ်ခုနှင့်တစ်ခုဆက်လိုက်၏

ထို့​​နောက်ခိုင်ခံ့ပြီးလေးလံသည့်ကျွန်းကုတင်တွင်လိုက်ကာစကိုချည်လိုက်ကာပြတင်းပေါက်အပြင်ဘက်ကိုချလိုက်၏။

အရင်ဆုံးရူပနှင့်မိုးတိမ်ကဆင်းသွားသည်။ထို့​နောက်ကိုကိုချစ်က ကိုကိုမောင်ကိုအရင်ဆင်းစေ၏။

ကိုကို​မောင်မှာလည်းချစ်ရသူလေး၏တိုက်တွန်းမှုကြောင့်အရင်ဆင်းလိုက်သည်။ပြီးသည်နှင့်ကိုကိုချစ်ကလိုက်ကာစကိုသေချာကိုင်​ပြီးအောက်သို့တစ်ရွေ့ရွေ့ဆင်းလိုက်သည်။မြေပြင်နားရောက်ရန်ဆယ်ပေခန့်အလိုတွင်လိုက်ကာစကိုလွှတ်ကာခုန်ချလိုက်တော့ကိုကိုမောင်ကဆီးကြို၍ဖမ်းပေးလာသည်။

ကိုကိုမောင်၏ရင်ထဲတွင်စိုးရိမ်ပူပန်မှုများကြောင့်ဒုန်းဆိုင်းသွားရကာသူ၏ခါးကိုခွထားပြီး၊လည်ပင်းကိုဖက်တွယ်ထားသည့်အဆိုးအဆာလေး၏ခါးသိမ်သိမ်လေးကိုအကြောစိမ်းများထောင်ထနေသောလက်ဖြင့်တင်းကြပ်စွာပွေ့ဖက်လိုက်၏။

''ကလေးလေးကတော့...ကိုယ့်မှာစိတ်ပူသွားတာပဲ...နောက်တစ်ခါအဲ့လိုမလုပ်နဲ့နော်...''

My lovely Ko Ko Maung(Season1)(complete)Where stories live. Discover now