Part2

369 22 0
                                    

Unicode

ကိုကိုချစ် သူ့အိမ်သို့ကိုကိုမောင်ကိုခေါ်သွားလိုက်သည်...အိမ်မှာအဖေနှင့်အမေကဒီအချိန်ဆိုလျှင်အလုပ်သွားလေ့ရှိသည့်အတွက်ဘယ်သူမှမရှိပေ...ထို့ကြောင့်ဆွေးနွေးစရာတစ်ခုခုရှိတိုင်းကိုကိုချစ်အိမ်တွင်သာသူငယ်ချင်းတွေလူစုကြသည်...

သူ့သူငယ်ချင်းနှစ်ယောက်ကိုပါဖုန်းဆက်ပြီးလှမ်းခေါ်လိုက်သည်...အခုဆိုလျှင်သူတို့ရှာနေခဲ့သူကိုတွေ့ပြီဖြစ်၍ပြင်ဆင်စရာရှိတာတွေပြင်ဆင်ရတော့ပေမည်....

ရှိုင်းထက်တွင်ကားပါလာသောကြောင့်သူ့ကားနှင့်သာတူတူသွားလိုက်သည်...

ကိုကိုချစ်တို့နေသည့်လမ်းသည်ကားနှစ်စီးလောက်အလွယ်တကူဝင်လို့ရသည်အထိကျယ်သည်...လမ်းကလဲသပ်သပ်ရပ်ရပ်လေးပင်...လူနေတိုက်ခန်းများ၊လုံးချင်းအိမ်လေးမ​ျားကစီတန်းလျက်ရှိနေသည်...

ကိုကိုချစ်ကားထဲမှထွက်လာတော့လမ်းထဲကလူတွေကစပ်စုနေကြသေးသည်...

ကိုကိုချစ်၏အိမ်လေးသည်လုံးချင်းနှစ်ထပ်တိုက်လေးဖြစ်၏...

ကိုကို​မောင်ကတော့ဒီလိုနေရာမျိုးကိုတစ်ခါမှမရောက်ဖူးဘူးထင်သည်...နေရာအနှံ့ကိုစူးစမ်းကာကြည့်နေလေသည်...

ကိုကိုချစ်သော့ခတ်ထားသောအခန်းတံခါးကိုဖွင့်လိုက်ပြီးအိမ်ထဲသို့ဝင်လိုက်သည်..ကိုကိုမောင်ကိုဝင်ရန်အချက်ပြလိုက်သည်...

ကိုကိုချစ်၏အိမ်လေးသည်အရာရာဟာသပ်သပ်ရပ်ရပ်​ဖြင့်ရှိနေသည်...သူတို့ဆွေးနွေးစရာတစ်ခုခုရှိတိုင်းအသုံးပြုလေ့ရှိသည့်အခန်းလွတ်လေးထဲသို့ကိုကိုမောင်ကိုခေါ်သွားလိုက်သည်...

သိပ်မကြာလိုက်ပါbellတီးသံကြားရ၍ကိုကိုချစ်တံခါးသွားဖွင့်ပေးလိုက်တော့သူ့သူငယ်ချင်းနှစ်ယောက်ပင်...

သူလဲမြန်မြန်အခန်းထဲကိုခေါ်သွားလိုက်၏..ရှိုင်းထက်ကိုကို​မောင်ကိုသူ့သူငယ်ချင်းနှစ်ယောက်အားညွှန်ပြလိုက်ရင်း...

''ကိုကိုမောင်..ဒါက ကျွန်တော်ပြောတဲ့သူငယ်ချင်းနှစ်ယောက်ပါ...သူ့နာမည်ကမြင့်မြတ်မိုးတိမ်...အရာရာကိုသိမြင်နိုင်စွမ်းရှိသူ...သူ့နာမည်ကတော့ရူပထင်သာ...အတိတ်နဲ့အနာဂတ်ကိုမြင်နိုင်စွမ်းရှိသူ...''

My lovely Ko Ko Maung(Season1)(complete)Where stories live. Discover now