part7

170 9 0
                                    

Unicode

မနက်စာစားပြီးနောက်မေမေကပြောလာသည်...

''သားရေ...အမေ့မိတ်ဆွေရဲ့သားကဒီမှာခဏလာနေလိမ့်မယ်...သူတို့ကခရီးထွက်နေတာမို့လို့မြန်မာပြည်မှာတစ်ယောက်ထဲနေရတဲ့သူတို့သားလေးအထီးကျန်နေမှာစိုးလို့ဒီကိုခဏပို့ထားပါရစေလို့ပြောလာလို့လေ...အဲ့ဒါသူတို့သားကဒီနေ့လာလိမ့်မယ်...ယောကျ်ားလေးအချင်းချင်းဆိုတော့သားကပဲဂရုစိုက်ပေးလိုက်ပါဦး...''

''ဟုတ်ကဲ့မေမေ''

ပြန်သာဖြေလ်ိုက်ရပေမယ့်စိတ်ထဲတွင်တော့ကြ က်သီးထနေလေသည်...မေမေ့မိတ်ဆွေ၏သားနှင့်သူ့ကို​အောင်သွယ်ပေးချင်နေသည်ဟုခံစားနေသည်လေ...

နေ့လည်ထမင်းစားချိန်ရောက်တော့bellတီးသံကြား၍တံခါးသွားဖွင့်ရာ...

''ဟင်...ကိုကိုမောင်?''

luggage အိတ်တစ်လုံးဖြင့်တံခါးရှေ့တွင်စမတ်ကျကျရပ်နေသောကိိုကိုမောင်ကိုတွေ့လိုက်ရလေသည်...

''ကိုယ့်ကိုတံခါးဖွင့်ပေးဦးလေချစ်...''

''သြော်..ဟုတ်..ဟုတ်''

ကိုကိုချစ်လည်းကြောင်သွားပြီးအယောင်ယောင်အမှားမှားနှင့်တံခါးကိုဖွင့်ပေးလိုက်သည်....

ကိုကိုမောင်ကသူ့အိမ်သူ့ယာလိုပင်အိမ်ထဲဝင်ကာဧည့်ခန်းထဲတွင်ထိုင်နေသည့်မေမေနှင့်ဖေဖေကိုနှုတ်ဆက်လိုက်လေသည်...

''မင်္ဂလာပါဖေဖေ..မင်္ဂလာပါမေမေ..''

'နောက်ကျရင်လဲခေါ်ရမယ့်အတူတူအခုကတည်းကခေါ်ထားတော့အရှုံးမရှိပါဘူး..ဟိဟိ'

ကိုကိုချစ်တံခါးကိုပြန်ပိတ်ပြီးအထဲဝင်လာတော့ပိုင်စိုးပိုင်နင်းဖြင့်ဖေဖေ မေမေဟုခေါ်နေသည့်အပြင်တွေးနေသောအတွေးတို့ကိုကြားလိုက်ရပြန်သောကြောင့်မျက်လုံးပြူးသွားရသည်...

ဖေဖေနှင့်မေမေကလဲကျေနပ်သည့်အပြုံးကြီးဖြင့်...

''အေး​အေးသားလေး...မေမေတို့ကိုလဲကိုယ့်အဖေရင်းအမေရင်းတွေလိုသဘောထားလို့ရပါတယ်...ဒါနဲ့သားလေးနာမည်ကရှိုင်းထက်ကိိုကုမောင်မလား...အမေ့ရဲ့သားကိုကိုချစ်ကိုလဲသေချာ ဂ ရု စိုက် ပေးပါဦးနော်...''

My lovely Ko Ko Maung(Season1)(complete)Where stories live. Discover now