part8

158 10 2
                                    

Unicode

ညရောက်တော့ဖေဖေနှင့်မေမေကအခန်းထဲဝင်ကာအိပ်နေကြသလိုကိုကိုချစ်လဲအခန်းထဲဝင်ကာခါတိုင်းလိုficမဖတ်နိုင်ဘဲအတွေးများနေမိသည်...

ကိုကိုမောင့်ကိုတွေ့တိုင်းပုံမှန်ထက်ပ်ိုကာခုန်လာတတ်သည့်သူ့ရင်ခုန်သံ...သူ့ကိုမျက်ဝန်းညိုညိုတွေနဲ့စိုက်ကြည့်လိုက်တိုင်းဝုန်းဒိုင်းကြဲသွားသောနှလုံးသားတစ်စုံ...ကိုကိုမောင်ရဲ့ချစ်စရာကောင်းတဲ့အတွေးလေးတွေကိုကြားရတိုင်းရှက်နေသည့်ကြားမှပျော်ရွှင်နေတတ်သောသူ....

သူကိုကိုမောင့်အနားတွင်ရှိနေလျှင်ပျော်ရသည်...စိတ်လှုပ်ရှားရသည်...ရင်ခုန်လာရသည်...သူကိိုကိုမောင့်ကိုပိုပိုပြီးသဘောကျလာမိသည်...သို့သော်....သူမသေချာသေးပေ...သူကိုကိုမောင့်ကိုချစ်တာလားသဘောကျရုံပဲလားဆိုတာကိုသူမသိသေးပေ...

ဒါ့ကြောင့်လောလောဆယ်တော့ဒီအတိုင်းလေးသာနေရန်ဆုံးဖြတ်လိုက်သည်...တကယ်လို့....သူ့ခံစားချက်များသာသေချာသွားခဲ့လျှင်...သူ့ဘက်ကစ၍သာဖွင့်ပြောမည်ဖြစ်သည်...

ဒါပေမယ့်တစ်ခုထူးဆန်းတာကသူဘယ်လ်ိုလုပ်လုပ်သူ့စွမ်းအားကိုထိန်းချူပ်၍မရခြင်းပင်..ပို၍တိတိကျကျပြောရလျှင်ကိုကိုမောင်နှင့်ပက်သတ်လျှင်သူ့စွမ်းအားများကိုထိန်းချုပ်၍မရ...

ယခင်ကဆိုလျှင်တစ်ခြားသူ၏အတွေးများကိုကြားချင်သည့်အချိန်ကြားနိုင်ပြီးမကြားချင်သည့်အချိန်ဆိုလုံးဝမကြားရပေ...ထိုစွမ်းအားသည်စွမ်းအားရှင်ဖြစ်သူ သူ့သူငယ်ချင်းနှစ်ယောက်ပေါ်တွင်ပင်ချွင်းချက်မရှိအလုပ်လုပ်လေသည်...သို့သော်..ကိုကိုမောင်အပေါ်တွင်စွမ်းအားများကိုထိန်းချုပ်၍မရဘဲတစ်ခါတစ်ရံထထဖောက်မှသာကြားရလေသည်...တကယ့်ကိုထူးဆန်းပေ၏...

ထိုသို့အတွေးများနေစဥ်မီးကပျက်သွားလေသည်...အတော်လေးပင်ပူလောင်လာသော
ကြောင့်ပြတင်းပေါက်တံခါးကိုသွားဖွင့်လိုက်ပြီးဖုန်းကိုယူကာficဖတ်နေလိုက်၏...

သူအခုဖတ်နေသည့်ficကသရဲဝတ္ထုဖြစ်သည်...ဖြစ်ရပ်မှန်ဇာတ်လမ်းများကိုပြန်၍ကိုးကားရေးသားထားခြင်းဟုintroမှာပင်ရေးသားထားသည်...

My lovely Ko Ko Maung(Season1)(complete)Where stories live. Discover now