Part10

145 7 0
                                    

Unicode

သူတို့နှစ်ယောက်အောက်ဆင်းလာပြီးမနက်စာစားပြီးနောက်တွင်ကိုကိုချစ်၏အဖေနှင့်အမေကအလုပ်သွားကြသည်...

ကိုကိုမောင်ကတော့အလုပ်တွေအကုန်လူယုံတော်နှင့်လွှဲထားသည်ဟုဆိုကာကိုကိုချစ်နားတွင်သာတောက်တဲ့လိုကပ်တွယ်နေလေသည်...

bossဖြစ်သူလွှဲထားခဲ့သည့်အလုပ်ပုံကြီးကိုလူပ်နေရသည့်ဇေယျာ-''....''

ကိုကိုချစ်ခြံပြင်ထွက်၍ဝတ္ထုဖတ်မည်လုပ်သောအခါကိုကိုမောင်ကပါတစ်ကောက်ကောက်လ်ိုက်လာလေသည်...

''ကိုကိုချစ်ရေ...''

ခြံထဲသို့ဝင်လာကာနာမည်ကိုအော်ခေါ်နေသောရူပ၏အသံကခုနှစ်အိမ်ကြားရှစ်အိမ်ကြားအသံပင်...ရူပအနောက်တွင်တော့မိုးတိမ်ကလိုက်ပါလာသည်...

''လူမရောက်ခင်အသံကအရင်ရောက်နေပြီ...''

ထိုသို့ပြောတော့ရူပကပြန်ပက်လေသည်...

''ငါ့အသံကအောင်တာကွ...မင်းတောင်ငါ့လောက်အသံအောင်လို့လား...''

ကိုကိုမောင်က ကိုကိုချစ်ဆီကအကြည့်မလွှဲဘဲဝင်ပြောလာသည်...

''ကိုယ့်အထင်ချစ်အသံလေးကပိုနားဝင်ချိုတယ်...''

ကိုကိုချစ်ရင်ကော့ခေါင်းမော့ကာ'တေွ့လား'ဟူသည့်ပုံစံလုပ်ပြလိုက်တော့..

''လင်အားကိုးနဲ့ဂုဏ်ဆာနေတာ...''

ကိုကိုချစ်ချက်ချင်းပင်စကားလမ်းကြောင်းလွှဲလိုက်သည်...

''ဒါနဲ့မင်းကဘာလာလုပ်တာလဲ...''

''မင်းရဲ့က်ိုကိုမောင်ကရောဘယ်လိုလို့ရောက်နေတာလဲ...''

အမေးကိုအမေးဖြင့်တုန့်ပြန်လိုက်သောကြောင့်ကိုကိုချစ်အကြောင်းစုံပြောပြရန်ပြင်ချိန်တွင်ကြားနိုင်ရန်ကြိုးစားလျှင်တောင်မကြားရသည့်အတွေးတို့ကိုဘာမှမလုပ်ပါဘဲနှင့်ကြားလာရသည်...

'မင်းရဲ့ကိုကိုမောင်တဲ့..အဟိ...နားထောင်လို့ကောင်းလိုက်တာနော်...'

ကိုကိုချစ်မပြုံးမိအောင်ထိန်းချုပ်လိုက်ကာအကြောင်းစုံရှင်းပြလိုက်သည်...

My lovely Ko Ko Maung(Season1)(complete)Where stories live. Discover now