Part40

69 3 0
                                    

Unicode

ထိုမြှားအတိုင်းသွားလိုက်​တော့မြှား၏အဆုံးတွင်တံခါးလေးချပ်ကိုတွေ့လိုက်ရသည်။

ထိုတံခါးချပ်များရှေ့ရောက်သည်နှင့်မင်းသားစီမာကသူတို့ရှေ့တွင်ပေါ်လာလေသည်။

မင်းသားစီမာကသူတို့ကိုတစ်ချက်ကြည့်လိုက်ကာမနက်ကအရှက်ကွဲခဲ့ရသည့်ကိစ္စကိုပြန်စဥ်းစားမိသွားပြီးနားရွက်ဖျားများနီရဲသွား၏။

ထို့​နောက်သူကပြောလာသည်။

''တစ်ယောက်ကိုတံခါးတစ်ချပ်စီဝင်သွားကြပါ...မင်းတို့တစ်ခုမှတ်ထားရမှာကမင်းသမီးတွေကိုထိခိုက်အောင်လုပ်လို့မရဘူး!''

ထိုသို့ပြောပြီးပြန်ပျောက်သွားသည်။

ဒီတစ်ခါတော့မင်းသားစီမာ၏အသံက ကလေးအသံမဟုတ်တော့ဘဲသြရှသည်လည်းမဆိုနိိုင်နူးညံ့သည်လည်းမဆိုနိုင်သောအသံလေးဖြစ်သည်။

ကိုကိုချစ်တို့ကတော့ခေါင်းသာခါလိုက်မိသည်။

ကိုကို​မောင်ကငွေမှင်ရောင်ဆံနွယ်များကိုလက်တစ်ဖက်နှင့်လှန်တင်လိုက်ကာ၊ကိုကိုချစ်၏လက်လေးကိုတစ်ချက်နမ်းလိုက်ပြီး​ရူပနှင့်မိုးတိမ်တို့ကိုပြောလာ၏။

''ငါတို့ဒီနေရာမှပဲလူပြန်စုကြတာပေါ့''

ရူပကတော့မိုးတိမ်ကိုမှီထားရာကနေမျက်ဆံလှန်လိုက်ပြီးမိုးတိမ်၏ခေါင်းကိုပုတ်လိုက်ကာတံခါးတစ်ချပ်ထဲဝင်သွားလိုက်၏။

မိုးတိမ်လည်းရူပ ပုတ်သွားသည့်နေကာလေးကိုခပ်ဖွဖွထိရင်းကြည်နူးနေသည့်အပြုံးကြီးဖြင့်​နောက်တံခါးတစ်ချပ်ထဲဝင်သွားသည်။

ကိုကို​မောင်မှာ​တော့ကိုကိုချစ်၏လက်လေးကိုမလွှတ်ချင်လွှတ်ချင်နှင့်လွှတ်ပေးလိုက်ရသည်။ကိုကိုချစ်လည်းဝမ်းနည်းနေသည့်ခွေးပေါက်ကြီး၏နှုတ်ခမ်းကိုဖွဖွလေးနမ်းလိုက်ပြီးတံခါးတစ်ချပ်ထဲဝင်သွား၏။

ကိုကိုမောင်၏နီညိုရောင်နှုတ်ခမ်းပါးများမှာအပေါ်သို့တွန့်ကွေးသွားရကာ၊ဆွဲ​ဆောင်မှုရှိသည့်အညိုရောင်မျက်ဝန်းများသည်တော့ပျော်ရွှင်မှုတို့ဖြင့်ပြည့်နှက်နေလေ၏။

My lovely Ko Ko Maung(Season1)(complete)Dove le storie prendono vita. Scoprilo ora