Part32

57 3 0
                                    

Unicode

ကိုကိုချစ်ကတစ်ခုခုကိုသတိထားမိသွားဟန်ဖြင့်ပြောလာသည်။

''ငါတစ်ခုစဥ်းစားမိတာက..နဂါးဘုရင်ကိုထိန်းချုပ်ဖို့အတွက်ကအရမ်းစွမ်းအားကြီးရင်ကြီး၊မကြီးရင်နဂါးဘုရင်ရဲ့အသက်ထက်မက
အရေးကြီးတဲ့အရာတစ်ခုခုကလက်ထဲရှိနေမှရမှာ...ပြီးတော့အခုကသက်သေမရှိတဲ့ခန့်မှန်းချက်သက်သက်ပဲရှိသေးတာမလ်ို့ငါတို့တစ်ထစ်ချယုံကြည်ထားလို့မရသေးဘူး...တစ်ခြားအရာတွေလည်းဖြစ်နိုင်သေးတယ်''

မိုးတိမ်ကရူပအကြောင်းစဥ်းစားမိသွားပြီးသက်ပြင်းတစ်ချက်ချကာပြောလာသည်။

''အဲ့တာတော့ဟုတ်တယ်...ငါ့အထင်တော့လူသတ်သမားကဒီညလှုပ်ရှားလောက်တယ်။ရူပကိုတွေ့ပြီးသူသတ်ခဲ့တဲ့သူကအသက်ရှင်နေတာကိုသိလိုက်ရရင်၊မိဖုရားကိုသတ်ပစ်ဖို့အတတ်နိုင်ဆုံးကြိုးစားမှာပဲ''

ကိုကိုမောင်ကလေးနက်စွာပြောလာသည်။

''ဒီညစောင့်ကြည့်ကြတာပေါ့...''

........

ညစာစားပွဲကိုအောက်ဆုံးအလွှာတွင်ကျင်းပပြီးအချိန်ခဏကြာတော့နဂါးဘုရင်နှင့်အတူတူလာသည့်ရူပကိုတွေ့လိုက်ရလေသည်။

ရူပ၏မျက်နှာကလည်းကူကယ်ရာမဲ့နေဟန်အပြည့်ဖြင့်ရှိနေသည်။

နဂါးဘုရင်၏ညာလက်ရုံးနှင့်ကိုယ်ရံတော်ကတော့မပါခဲ့ပေ။

နဂါးဘုရင်ကအောက်ဆုံးအလွှာရှိရေများကိုလက်ဖြင့်ဝှေ့ယမ်းကာပျောက်ကွယ်စေလိုက်သည်။

နဂါးဘုရင်ကလက်ကို​နောက်တစ်ခါဝှေ့ယမ်းလိုက်တော့ကျွန်းသစ်ဖြင့်ပြုလုပ်ထားသည့်စားပွဲရှည်ကြီးတစ်ခုနှင့်ကူရှင်ခံထားသောထိုင်ခုံငါးခုံပေါ်လာသည်။

ရေသတ္တဝါများမှာလည်းလူသားပုံစံပြောင်းလိုက်ကြပြီး၊စားစရာမျိုးစုံက်ိုလာချပေးလာသည်။

ညစာစားပွဲသည်ထူးဆန်းစွာပင်တိတ်ဆိတ်နေလေသည်။

ထိုသို့နှင့်ကသိကအောက်ဖြစ်ဖွယ်ညစာစားပွဲပြီးနောက်တွင်ရေအောက်တိုင်းပြည်၌ပြဿနာတစ်ခုပေါ်လာ၍နဂါးဘုရင်ကကိုယ်ရံတော်ကိုခေါ်ကာ
အလျင်စလိုထွက်သွားရသည်။

My lovely Ko Ko Maung(Season1)(complete)Where stories live. Discover now