Part45

60 3 0
                                    

Unicode

မနက်ရောင်ခြည်ပေါ်သည်နှင့်ကိုကိုချစ်တို့နိုးလာကြသည်။

ဝီရိယရှိမှဖြစ်မည်လေ။အရင်လိုအပျင်းတစ်နေ၍မရတော့။သူတို့ဂူထဲမှထွက်လိုက်ကာတောအုပ်ထဲတွင်စမ်းချောင်းလေးတစ်ခုကိုတွေ့တော့မျက်နှာသစ်၊ပလုတ်ကျင်းပြီးကိုယ်လက်သန့်စင်လိုက်သည်။

သိုလှောင်လက်စွပ်ထဲလှန်လှောရှာလိုက်တော့တီရှပ်တစ်ထည်နှင့်ဘောင်းဘီတစ်ထည်စီကိုတွေ့လိုက်ရတာကြောင့်မနေ့ကဝတ်ထားသည်များကိုချွတ်ပြီးသိုလှောင်လက်စွပ်ထဲမှအင်္ကျီများကိုလဲဝတ်လိုက်သည်။

အရင်ဆုံးရူပနှင့်ကိုကိုချစ်တို့လဲပီးမှကိုကိုမောင်နှင်းမိုးတိမ်ကလဲသည်။

ကိုကိုချစ်နှင့်ရူပကတော့သူတို့အဝတ်လဲနေတုန်းကချောင်းကြည့်နေသည့်နှစ်ယောက်ရှိသည်ကိုသတိမထားမိလိုက်ပါချေ။

ကိုကိုမောင်နှင့်မိုးတိမ်ကနှာခေါင်းသွေးများလျှံနေသည်ကိုသူတို့၏အသည်းအသက်လေးများမမြင်စေရန်လက်ဖြင့်အသာအုပ်ထားကြသည်။

ထိုသို့နှင့်အဝတ်လဲပြီးသည်နှင့်တောအုပ်ထဲကိုဆက်ဝင်သွားလိုက်သည်။

သူတို့သွားနေရင်းတစ်ခြားသောအဖွဲ့များနှင့်လည်းတွေ့ရသေးသည်။တစ်ခြားသောအဖွဲ့များကသူတို့ကိုပြုံးပြလာပြီးခေါင်းတစ်ချက်ဆတ်ပြကာတစ်ခြားဘက်သ်ို့ထွက်သွားကြသည်။

ကိုကိုချစ်တို့ဆက်သွားနေရင်းထူးဆန်းသည့်သစ်ပင်ကြီးတစ်ပင်ကိုတွေ့လိုက်ရသည်။သူတို့အနားသွားတော့သစ်ပင်ကြီး၏သစ်ကိုင်းများရှည်ထွက်လာကာသူတို့ကိုရိုက်လာသည်။

ကိုကိုချစ်တို့လည်းရှောင်လိုက်ပြီးဤသစ်ပင်ကြီးမှာအစောင့်အရှောက်သားရဲအမျိုးအစားဖြစ်ကြောင်းကိုသိလိုက်ရတော့၏။ထိုသစ်ပင်ကြီးကတစ်ဖြည်းဖြည်းနှင့်လှပသောဂျိုများရှိသည့်သမင်ကြီးတစ်ကောင်အဖြစ်ပြောင်းသွားကာ၊ထိုလှပသောဂျိုများနှင့်ကိုကိုချစ်ကိုတိုက်ခိုက်လာ၏။

သမင်ကြီးကကိုကို​မောင်အနားရောက်လာတော့ကိိုကို​မောင်ကနေသူ၏စွမ်းရည်ကိုအနည်းငယ်သာသုံးကာ​ကြောက်မက်ဖွယ်မှတ်ဉာဏ်များကိုမြင်စေလိုက်၏။

My lovely Ko Ko Maung(Season1)(complete)Where stories live. Discover now