part37

61 3 0
                                    

Unicode

သူတို့မြင်လိုက်ရသည်မှာကား....

ဆူးနွယ်များနှင့်ကာရံထားသောတောနက်ကြီးတစ်ခု?

ဆူးများ၏ထိပ်တွင်လည်းအစိမ်းရောင်အရည်များကတစ်စက်စက်ကျနေသည်။

ထိုဆူးနွယ်များက ကိုကိုချစ်တို့အရှေ့တွင်ပိတ်နေ၍​နောက်လှည့်ကြည့်လိုက်တော့၊သာယာအေးချမ်းသောတောအုပ်လေးကိုတွေ့လိုက်ရသည်။

အခုအနေအထားက်ိုပြောရမည်ဆိုလျှင်ကိုကိုချစ်တို့၏အ​နောက်ဘက်တွင်သာယာလှပသောတောအုပ်ကြီးရှိနေပြီး၊အရှေ့ဘက်တွင်တော့ဆူးနွယ်များနှင့်ပြည့်နှက်နေသောတောအုပ်ကြီးရှိနေလေသည်။

တောအုပ်ချင်းတူပေမယ့်ဤတောအုပ်နှစ်ခုကနတ်ပြည်နှင့်ငရဲလိုကွဲပြားနေသည်။

ကိုကိုမောင်က အကြောများထောင်ထနေသောသန်မာသည့်လက်ကြီးဖြင့်ကိုကိုချစ်၏လက်ကို
နူးညံ့ညင်သာစွာကိုင်ဆွဲထားကာအဆော့သန်သည့်ကလေးတစ်ယောက်ကိုထိခိုက်မည်စိုး၍သတိပေးနေသောပုံစံဖြင့်ပြောလာသည်။

''ကလေးလေးဘာမှလျှောက်မထိနဲ့နော်...ကလေးလေးဒဏ်ရာရနေရင်ကိုယ်ရင်ကွဲရလိမ့်မယ်...''

ကိုကိုချစ်ပြုံးမိသွားသည်။

ဒီလူကြီးကတော့လေ...စိတ်ပူလို့သတိပေးနေတဲ့ပုံစံလေးကအစချစ်စရာလေး!

''ကိုကိုမောင့်ရဲ့စကားကိုချစ်နား​ထောင်ပါ့မယ်ဗျာ...ဟုတ်ပြီလား''

ထိုသို့ပြောလိုက်ပြီးခြေဖျားထောက်ကာကိုကိုမောင်၏ပါးလေးကိုအနမ်းတစ်ပွင့်ပေးလိုက်သောကိုကိုချစ်၏မျက်ဝန်းတွင်ချစ်မြတ်နိုးမှုတို့ထင်ဟပ်နေပါ၏။ကိုကို​မောင်၏မျက်ဝန်းညိုညိုများတွင်လည်းတူညီသောချစ်မြတ်နိုးမှုတော့ဖြင့်ပြည့်နှက်နေလေသည်။ထို့ပြင်ခြေဖျားထောက်ထားသောသူ့ကလေးလေးမညောင်းရန်ခါးလေးကိုနူးညံ့ညင်သာစွာပွေ့ဖက်ထားကာခေါင်းကိုသိမသာငုံ့ပေးလိုက်၏။အပြုအမူများကအလွန်ပင်ညင်သာနေသည်မှာတကယ့်boyfriend materialကြီးလိုပင်!

'ကလေးလေးကတော့တစ်နေ့ထက်တစ်နေ့ပိုပိုပြီးချစ်ဖို့ကောင်းလာတော့တာပဲ!ပြောနေတဲ့ပုံစံလေးကိုကအူယားစရာလေး!ငါတော့ရုန်းလေနစ်လေဒီအချစ်နွံထဲကနေလုံးဝကိုရုန်းမထွက်ချင်တော့ဘူး...ပိုပိုပြီးပဲနစ်ဝင်လိုက်ချင်တော့တယ်ကွာ...'

My lovely Ko Ko Maung(Season1)(complete)Donde viven las historias. Descúbrelo ahora