Part-2 (Unicode)

41.1K 2.1K 40
                                    

နာမည်ကြီး photographer 'ဇာနည်'၏ အဆက်မပြတ်
camera ရိုက်ချက်များကြားတွင် style မိမိုက်နေသည့်
အမျိုးသားတစ်ဦးသည် pose အမျိုးမျိုးကိုပေးရင်း ပတ်ဝန်း ကျင်တစ်ခုလုံးကို ညှို့ယူဖမ်းစားထား၏။ထိုအမျိုးသား၏ ညို့ဓာတ်ပါသည့် အကြည့်တွေ၊ကျစ်လျစ်တောင့်တင်းသည့် ကိုယ် ခန္ဓာနှင့် ဆွဲဆောင်မှုအပြည့်ရှိနေသည့် outfit တို့ကြောင့် shooting တွင် ရှိနေသည့်လူအားလုံးက အကြည့်မလွှဲနိုင်ကြတာဖြစ်သည်။

ထိုအမျိုးသားဆိုသူသည် မြန်မာနိုင်ငံတွင် ထိပ်တန်းစာရင်းဝင်အောင်မြင်နေသည့် အမျိုးသားသရုပ်ဆောင်တွေထဲမှ တစ်ဦးဖြစ်သော 'ဂုဏ်ရှိန်ဝါ' ဖြစ်၏။

'ဂုဏ်ရှိန်ဝါ'သည် လွန်ခဲ့သည့်သုံးနှစ်မှစ၍ အနုပညာလောက
ထဲသို့ ဝင်ရောက်လာခဲ့သည့် အနုပညာရှင်တစ်ယောက်ဖြစ်သော်
လည်း သူ၏ ဇွဲလုံ့လကောင်းသည့်ကြိုးစားမှုနှင့် အနုပညာစန်းတို့ကြောင့် အလွန်အောင်မြင်မှုရခဲ့သူဖြစ်သည်။အနုပညာသက်တမ်း
တစ်နှစ်လောက်နှင့်ပင် ရုပ်ရှင်ဇာတ်ကားကြီးများကို စတင်ရိုက် ကူးနိုင်ခဲ့သူဖြစ်သည်။ထို့ပြင် ယခင်နှစ် မြန်မာ့ရုပ်ရှင်အစည်းအရုံးမှ ကျင်းပချီးမြှင့်သည့် အကယ်ဒမီပေးပွဲတွင် 'အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု'ကိုလည်း ရရှိထားသေး၏။ထို့ကြောင့် သူသည် အကယ်ဒမီရ ထိပ်တန်းမင်းသားတစ်ယောက်။

ယနေ့သည် local brand ဖြစ်သည့် (xxx) အမျိုးသားလက်ပတ်နာရီကြော်ငြာအတွက် သူက model အဖြစ် indoor shooting ရိုက်‌ပေးနေတာဖြစ်၏။

"Ok ပြီ... ဂုဏ်"

Photographer ဇာနည်က ခပ်ပြုံးပြုံးပြောလိုက်လျှင်
ဂုဏ်ကလည်း ခေါင်းတစ်ချက်ညိတ်ပြကာ အနားယူဖို့ပြင်၏။
ထိုအခါ သူ၏အနီးအနားတွင်ရပ်နေသည့် မန်နေဂျာဖြစ်သူ
'သတိုး'ကလည်း ဂုဏ်အနားယူရန်အတွက် ပြင်ဆင်ပေး၏။

"သတိုး ငါ့ကို မိတ်ကပ်တွေအရင်လာဖျက်ပေး။"

စိတ်မရှည်သံပါနေသည့် ဂုဏ်၏အသံကြောင့် သတိုး ကလည်း
make up artist ကိုလှမ်းခေါ်ကာ ခပ်သွက်သွက်ဖျက်
ခိုင်းရသည်။မဟုတ်လျှင် မလွယ်။

သူ့ရဲ့မင်းသား 'ဂုဏ်ရှိန်ဝါ'ဆိုတာက မိတ်ကပ်ကို လုံးဝမကြိုက်တာလေ။အခုတောင် အလုပ်လာအပ်တဲ့ပိုင်ရှင်က ခင်မင်လွန်းတဲ့
အနေအထားမို့သာ အလိမ်းခံတာ။

Professional Actor [Completed]Where stories live. Discover now