Part-41 (Unicode)

17.8K 1.4K 44
                                    

"ဂုဏ် ငါပြောလို့မရဘူးလား မင်း၊ကားကိုရပ်လို့!"

"မရဘူးလို့ပြောထားပြီးသား"

"ကျစ်!"

စံ ကျစ်ခနဲ စုတ်သပ်လိုက်ပြီး တစ်ဖက်ကိုလှည့်နေလိုက်သည်။
သို့သော် သူ့လုပ်ရပ်ကို လက်ခံပေးလိုက်ခြင်းမျိုးတော့မဟုတ်။
ထို့ကြောင့် မည်သို့တားရမည်ကို အကြံထုတ်ရသည်။

အကြံရလိုက်သည်နှင့် လှစ်ခနဲခိုးပြုံးလိုက်ပြီး သူ့ဘက်ကို ခပ်တည်တည်လှည့်ကြည့်လိုက်ရင်း

"မင်းမရပ်ရင် ငါခုန်ချလိုက်မှာ ဂုဏ်"

စံ ပြောရင်းနှင့် ကားတံခါးကိုဖွင့်ရန်ဟန်ပြလိုက်လျှင် သူကတည်တင်းထားသည့်မျက်နှာနှင့် လှည့်ကြည့်လာ၏။

"ကျစ်! လျှောက်မလုပ်ချင်နဲ့ ခင်ဗျား"

"ဒါဆို ရပ်လေ"

"မရပ်ဘူးဗျာ!"

"ပြီးရောလေ..."

စံ ကားတံခါးကို အမှန်တစ်ကယ်ဖွင့်ပြလိုက်လျှင်

"ဟာ! ဟိတ်!"

ကျွိ!

စိတ်မရှည်သည့်အသံနှင့် ညည်းတွားရင်း ကားကိုဆောင့်ရပ်ပစ်လိုက်သည်။ထိုအခါမှ စံလည်း သက်ပြင်းချလိုက်နိုင်၏။

သူ့ကိုတားလိုက်နိုင်ပြီလေ..။

ဂျိမ်း!

သူက ကားထဲမှဆင်းလိုက်ပြီး တံခါးကိုဆောင့်ပိတ်သည်။ထို့နောက် ကားအရှေ့တွင်ခါးထောက်လျက် ခပ်တည်တည်ရပ်နေ၏။

စံလည်း လိုက်ဆင်းပြီး သူနှင့်မနီးမဝေးတွင် ရပ်လိုက်၏။

စံတို့ရောက်နေသည့်နေရာသည် လူသူသိပ်မရှိသည့် လမ်းမကြီးတွင်ဖြစ်၏။ယာဉ် တစ်စီးစ နှစ်စီးစ ဖြတ်သွားဖြတ်လာတော့တွေ့ရသည်။လေကလည်း တဖြူးဖြူးတိုက်ခတ်နေသောကြောင့်
စိတ်ကိုပိုရှုပ်စေ၏။

ကျောပေး၍ရပ်နေသူက စံ့အသံကိုကြားသော်လည်း လှည့်မကြည့်ပေ။သူ မကျေနပ်ဖြစ်သွားသည်ကိုသိသော်လည်း မတတ်နိုင်ပါ။တားကိုတားရမည့် ကိစ္စဖြစ်၏။မဟုတ်လျှင် ပို၍ရှုပ်ကုန်မည်လေ။

"ငါ့ကိုစိတ်ဆိုးတာလား"

".............."

"ဂုဏ် မေးနေတယ်လေ"

Professional Actor [Completed]Where stories live. Discover now