Part-12 (Unicode)

21.7K 1.7K 77
                                    

"ဟဲ့.. နင်တို့သိပြီးပြီလား။မင်းသားနှစ်ယောက်က ကောင်မလေး
တစ်ယောက်ကို လုတဲ့ပွဲ။"

"အံမယ်လေး! သိပါ့ သိပါ့။facebook မှာ ဒီလောက်ပွထနေတာကို။"

"ငါတော့လေ အဲ့မိန်းကလေးကိုပဲချီူးကျူးတယ်။နာမည်ကြီး
မင်းသားနှစ်ယောက်ကို ဘယ်လိုများ ရအောင်ဖန်လိုက်လဲမသိ။
စွမ်းလိုက်တာဟယ်!..။"

"ဟဲ့... လိုင်းပေါ်တက်လာတဲ့ video file ထဲမှာတော့ သတ်ကြတာမှ အလဲအကွဲနော်။"

"အဲ့ဒါကြောင့် ပြောတာပေါ့။ယောက်ျားတွေကို သွားမစမ်းပါနဲ့
လို့...။"

"ဒီ လင်ထိပ်ထားစံမက တစ်မျိုး!။"

"ဟယ် ကောင်မ.. ငါ့ကို!။"

"ငါကတော့ ဟိုသတင်းကို ပိုစိတ်ဝင်စားတာ။ဟိုမင်းသမီးလေ
ခင်ထား ခင်ထား။"

"ဟားဟား!"

"အံမယ်လေး! သူကလဲ မခေသူကြီးနော်။တစ်ယောက်ပြီး
တစ်ယောက်ကို တွဲချတာ။တွဲလိုက်တိုင်းလဲ သူ့လောက်ချစ်ပြ
နိုင်တဲ့သူ နှစ်ယောက်မရှိဘူး။ပြတ်သွားရင်တော့ နာပြလိုက်ရ
တဲ့ ဇာတ်...။"

"အဲ့ဒါကြောင့်လဲ လူတွေက သူ့ကို ခင်ထားဘွဲ့ ပေးထားတာပေါ့
ဟဲ့!။"

"သူတို့ဘဝ‌တွေကျတော့လဲနော်.. အလုခံရတာနဲ့ တစ်ယောက်ပြီးတစ်ယောက် ထည်လဲတွဲနိုင်ရတာနဲ့ ဟုတ်နေရော။
ငါတို့များ... မူးလို့ ရှူချင်ရင်တောင် ရှူစရာမရှိဘူး။

"သွား!.. မနက်ဖြန်ကျရင် အုန်းသီးတစ်လုံးဝယ်ပြီး ဘုရားမှာ
ယတြာသွားချေ ညည်း။"

"ဖော်လော်မော်!"

တစ်ယောက်တစ်ခွန်းနှင့် ပွက်ပွက်ညံနေသည့် ထိုအသံတွေသည်
ရိုက်ကွင်းမစခင် ပြင်ဆင်နေကြရင်း အချင်းချင်း သတင်းဖလှယ်
နေကြသည့် ကလေးတွေအုပ်စုမှဖြစ်သည်။အချိန်ရလျှင် ရသလို
ပေါက်ပေါက်ဖောက်ချင်ကြသည်မှာ သူတို့၏ ရိုးရာမပျက်သည့်ထုံးစံတစ်ခု။သို့သော် အလုပ်ချိန်မှာတော့ တာဝန်ကျေကြ၏။

"ဂုဏ်... ဒီနေ့တော့ မျက်နှာကြည်နေပါလား။"

ခါတိုင်းနှင့်မတူဘဲ မျက်နှာကြည်လင်နေသည့် ဂုဏ့်ကို stylist မိုမိုက နောက်သလိုပြောလိုက်၏။ထိုအခါ ဂုဏ်ကလည်း
မပြုံးသော်ငြား မတည်သည့်မျက်နှာဖြင့်...

Professional Actor [Completed]Where stories live. Discover now