"မင်းသမီးက ပြီးပြီလားရှင့်"
"ပြီးပါပြီရှင့် အဆင်သင့်ပါပဲနော်။"
"Ok"
တုံ့ပြန်မှုကိုရလိုက်ပြီးသည်နှင့် ထိုကောင်မလေးက တစ်ဖက်အခန်းကို ထပ်ဝင်သွား၏။ထို့နောက် ပြင်ဆင်ခြင်းကိုအပြီးသတ်နေသည့် ဂုဏ်တို့ကိုကြည့်လိုက်ရင်း
"မင်းသား ပြင်ဆင်လို့ပြီးပြီလားရှင့်။"
ဂုဏ့်အနားတွင်ရှိနေသည့် သတိုးကပဲ ပြန်ဖြေလိုက်၏။
"ပြီးပါပြီဗျ။"
"ဟုတ်ကဲ့ ဒါဆိုရင်လာခဲ့ပါတော့နော် စရိုက်ရအောင်လို့ပါရှင်။"
"ဟုတ်ကဲ့"
ထိုကောင်မလေးက ပြန်ထွက်သွား၏။ထိုအချိန်တွင် ဂုဏ်ကလည်း မတ်တပ်ရပ်လျက်ပြီးသား ဖြစ်နေလေသည်။မျက်နှာကတော့ သိပ်အလိုကျပုံမရ။
"သတိုး..."
"ကျွန်တော်လည်း ဒီရောက်မှသိလို့ပါ ဂုဏ်ရာ။နောက်မဖြစ်စေရဘူး ဟုတ်ပြီလား။"
ဂုဏ်က ဘာမှတော့မပြောပေ။တစ်ချက်ကြည့်ပြီး အခန်းထဲမှထွက်သွား၏။
သတိုး ခေါင်းကိုတစ်ချက်ကုတ်လိုက်မိသည်။တစ်ကယ်လည်း သူ့အမှားသာဖြစ်၏။ကြော်ငြာအတွက်လာကမ်းလှမ်းစဉ်က သူ သေချာမေးလိုက်သင့်တာပင်။လာကမ်းလှမ်းသည့်ကြော်ငြာကလည်း နာမည်ကြီးBrandတစ်ခုမို့ ကိုယ့်မင်းသားအတွက်ဝမ်းသာစိတ်ဖြင့် အလောတကြီးလက်ခံလိုက်မိတာဖြစ်သည်။
ရိုက်မည့်ရက်ရောက်မှ ဖျက်ရမည်ဆိုလျှင်လည်း ဂုဏ့်အတွက်မကောင်းပေ။နာမည် ထိခိုက်၏။မင်းသမီး ကလျာနွယ်နဲ့ရိုက်ရမယ်ဆိုတာကို သူ တစ်ကယ်ကြိုမသိခဲ့တာပါ။အဲ့ဒါကြောင့်လည်း အခုလိုတွေဖြစ်ကုန်တာ။
"ဂုဏ် ဂုဏ်.. ကျွန်တော့်ကိုစောင့်အုံးလေ။"
ထိုမျှသာပြောနိုင်ပြီး မပြေးရုံတစ်မယ် ခပ်သွက်သွက်လျှောက်ရတော့သည်။မဟုတ်လျှင် တစ်ပြစ်ကနေ နှစ်ပြစ်ဖြစ်တော့မည်မို့။
ယနေ့သည် နာမည်ကြီး အလှကုန်ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခု၏
ကုန်ပစ္စည်းသစ်တစ်ခုဖြစ်သည့် (XXX) အမည်ရ Unisex Perfume ၏ photo shooting ရိုက်ကူးမှာဖြစ်သည်။
ထို့ကြောင့် ပြင်ဆင်နေကြခြင်းဖြစ်၏။

YOU ARE READING
Professional Actor [Completed]
Romance[Own Characters & Own Creation] [BL Story] [Drama & Romance] [1.5.2023] ➡️ [1.12.2023] Credit to owner for the cover photo.