Part-26 (Zawgyi)

4.2K 127 1
                                    

စံ ကိုယ်ပိုင်ရုံးခန်းအတွင်းသို့ ပြန်ရောက်လာပြီးနောက် အလုပ်စားပွဲရှိရာသို့ပင် မသွားနိုင်တော့ဘဲ ဆိုဖာတွင်သာ ဝင်ထိုင်လိုက်
တော့သည်။ထို့နောက် လက်ထဲရှိဖုန်းကိုလည်း အရှေ့တွင်ရှိသည့်
စားပွဲပေါ်သို့တင်လိုက်ပြီး ဆိုဖာ၏နောက်ကျောကို မှီလိုက်၏။

"ကိုစံ!..."

အရေးကြီးသလိုဖြစ်နေသည့် ဝေယံ၏ခေါ်သံကြောင့် စံ ဆိုဖာကို
မှီထားရာမှ ကိုယ်ကိုပြန်မတ်လိုက်ရင်း ချက်ချင်း လှည့်ကြည့်
လိုက်သည်။

"ဘာဖြစ်တာလဲ ဝေယံ။"

"Shooting က ဒါရိုက်တာ ဖုန်းဆက်လာပါတယ်။လတ်တလောအခြေအနေကြောင့် သူတို့ရိုက်ကူးရေးကို ရပ်ထား
ရမလားတဲ့။"

"ရိုက်ကွင်းကို မီဒီယာတွေက လာ interview နေကြလို့လား။"

"အဲ့လိုတော့မရှိဘူးတဲ့ ကိုစံ။ကုမ္ပဏီဘက်က ဘာမှအကြောင်း
မကြားလို့ လှမ်းမေးတာပါတဲ့။"

"ဘာအနှောင့်အယှက်မှမရှိရင်တော့ ရိုက်ကူးရေးကိုဆက်လုပ်ပါလို့ ပြန်ပြောပေးလိုက် ဝေယံ။အစ်ကို နေ့လယ်ကျရင်လာခဲ့မယ်လို့ပါ သေချာပြောပြ။"

"ဟုတ်ကဲ့ ကိုစံ။"

ထို့နောက် ဝေယံက ပြန်အကြောင်းကြားပေးရန်အတွက် ရုံးခန်းအတွင်းမှ ခေတ္တထွက်သွား၏။

တစ်နံနက်လုံး လူလည်းမအားလပ်တာကြောင့် shooting
ဘက်ကို အာရုံလွတ်သွားရတာဖြစ်သည်။

ရိုက်ကွင်းဆီသို့ သွားလျှင်လည်း ဂုဏ်ရှိန်ဝါနှင့် တွေ့ရပေဦးမည်။
စံ့ဘက်မှစ၍ မတွေ့ကြဖို့ ပြောထားခဲ့သည်မလား။သို့သော်
ယခုအချိန်တွင် ထိုအရာကအရေးမကြီးပေ။ဒါရိုက်တာဖြစ်သူကို
တော့ အကျိုးအကြောင်းသင့်စွာ အသိပေးရဦးမှာပင်။

ယနေ့နံနက်၏ ပျက်ကွက်မှုအတွက်နှင့်တင် မျက်နှာပူစရာဖြစ်နေပြီဖြစ်သည်။

"အကြောင်းကြားပြီးပါပြီ ကိုစံ။"

"အင်း ဝေယံ။ဒါဆို အစ်ကို အဲ့ဒီကိုသွားတဲ့အချိန် ကုမ္ပဏီမှာနေခဲ့လိုက်နော်။"

"ကိုစံတစ်ယောက်တည်း ဖြစ်ပါ့မလား။ခုနကလဲ...။"

"ဖြစ်ပါတယ် ရတယ်။အဲ့ဒီလူ ဒီအချိန်မှာ ဘာမှမလုပ်ရဲပါဘူး။"

Professional Actor [Completed]Where stories live. Discover now