"ဟယ် သားငယ်ရောက်လာပြီ။"
အိမ်၏အပေါ်ထပ်မှဆင်းလာသည့် ဒေါ်သရဖီက အိမ်ထဲသို့ဝင်လာသည့် ဂုဏ့်ကိုမြင်လိုက်ရလျှင် ဝမ်းသာရွှင်ပျစွာပြောလိုက်၏။တစ်ဆက်တည်း ဂုဏ့်အနားကိုလည်း ခပ်မြန်မြန်လျှောက်လာကာ အနားကိုရောက်လာလျှင်
"သားတစ်ယောက်တည်းလာတာလား။သတိုးကရော..။"
"အလုပ်ရှိလို့ကျန်ခဲ့တယ် မေမေ။ကိုကိုတို့ရော...။"
"ရှိပါ့ ရှိပါ့။အခန်းထဲမှာဖြစ်မယ်။"
ဂုဏ့်ကို ထိုစကားပြောပြီးနောက် ဒေါ်သရဖီက အိမ်အကူကောင်မလေးတစ်ယောက်အား အိမ်၏အပေါ်ထပ်ရှိ မင်းထက်သာတို့ကို အခေါ်လွှတ်လိုက်သေးသည်။
"ဒီတစ်ခါတော့ ညအိပ်ပြီးမှပြန်ရမယ်။ကြားလား သားငယ်။"
အမေဖြစ်သူ၏အပြောကြောင့် ဂုဏ်က တစ်ချက်ပြုံးလိုက်သည်။
ထို့အတူ ဒေါ်သရဖီကလည်း တစ်ချက်ရယ်လိုက်သေး၏။"ဟုတ်ကဲ့ပါ... ဒီမှာညအိပ်သွားပါ့မယ်။"
ဂုဏ်ကပြောလိုက်လျှင် ဒေါ်သရဖီက ထူးဆန်းသလိုကြည့်လာကာ
"ထူးထူးဆန်းဆန်း မေမေ့စကားနားထောင်လို့ပါလား။
ဘာတွေများ မဟုတ်တာလုပ်ထားလဲ။""ဟာ.. မေမေကလဲ။"
ဂုဏ်၏ ထိုအပြောကြောင့် ဒေါ်သရဖီက ထပ်ပြုံးလိုက်၏။ထိုအခါ ဂုဏ်ကလည်း အမေဖြစ်သူကိုကြည့်ကာ
"တစ်ခါတလေ သားလိမ်မာလေးဖြစ်ကြည့်ချင်လို့။ရပြီလား...။"
"ကောင်ဆိုးလေး..."
ထိုစဉ် မင်းထက်သာတို့သည်လည်း ဧည့်ခန်းဆီသို့ ရောက်လာပြီဖြစ်သည်။ဂုဏ်တို့၏မျက်နှာချင်းဆိုင်တွင် ကပ်လျက်ဝင်ထိုင်ကြရင်း ဖူးပွင့်ဖြူကပြောလိုက်သည်။
"မောင်လေးရောက်လာပြီဆိုတာနဲ့ မေမေ့မျက်နှာကရွှင်လန်းသွားတာပဲ။"
ဖူးပွင့်ဖြူ၏အပြောကို ဒေါ်သရဖီက ပြုံးလျက်ခေါင်းညိတ်ပြရင်းနှင့် အသိအမှတ်ပြုသည်။မင်းထက်သာကလည်း ဂုဏ့်ကိုကြည့်ကာ မေးလိုက်သေး၏။
"ဒီနေ့ကရော နားရက်လား ညီလေး။"
"ဟုတ်တယ် ကိုကို။မနက်ဖြန်ရော။အဲ့ဒါကြောင့် အိမ်မှာညအိပ်သွားမလို့လေ။"
YOU ARE READING
Professional Actor [Completed]
Romance[Own Characters & Own Creation] [BL Story] [Drama & Romance] [1.5.2023] ➡️ [1.12.2023] Credit to owner for the cover photo.