တာဝန်ယူထားသည့်အလုပ်ကိစ္စများက အနည်းငယ်ပေါ့သွားပြီမို့
ယခင်နေ့တွေထက် ပို၍ပေါပါးသွားသည်မှာတော့အမှန်။ထိုရုပ်ရှင်နှင့်ပတ်သက်၍ တစ်လျှောက်လုံး စိတ်ပင်ပန်း လူပင်ပန်း ဖြစ်ခဲ့ရ၏။ပထမဆုံးအနေနှင့် တာဝန်ယူထားသည့်အလုပ်ဖြစ်တာကြောင့် ရလဒ်ကောင်းတွေကိုသာ မျှော်လင့်ထားတာကြောင့်လည်းပါသည်။ယခုတော့ ထိုတာဝန်ကြီးက ပြီးလုနီးနီးဖြစ်နေလေပြီ။
ရုံတင်ရမည့်ကိစ္စနှင့် ဖြန့်ချိရမည့်ကိစ္စများသာ ကျန်တော့တာဖြစ်သည်။ထိုကိစ္စများကလည်း အထူးတလည် ကြိုးပမ်းရမည့်အလုပ်များတော့မဟုတ်ပေ။အချိန်တစ်ခုကိုသာ စောင့်ဆိုင်းရုံပင်။
အိပ်ရာထပြီးသည့်နောက် တစ်ကိုယ်ရည်သန့်ရှင်းမှုတို့ကို လုပ်လိုက်ကာ ပြီးသွားမှ ရေချိုးလိုက်၏။ယနေ့တော့ ညနေကျလျှင်
ရှိမည့် dinner party အတွက် ပြင်ဆင်ထားသည်တို့ကို
သွားကြည့်ရဦးမည်။မနေ့ကတစ်နေ့လုံးလည်း တာဝန်ပေးထားသူများက ပြင်ဆင်နေကြတာဖြစ်သည်။စံကတော့ အလုပ်မအားတာကြောင့် ယနေ့မှ သွားကြည့်ဖို့ဖြစ်သွားသည်။Shirt အဖြူလက်ရှည်နှင့် style pant အပြာနုနုကိုဝတ်ဆင်လိုက်ပြီး အနည်းငယ်ပြင်ဆင်လိုက်၏။ထို့နောက် ပြီးဆုံးသွားသည်နှင့် အောက်ထပ်ကိုဆင်းလာလိုက်တော့သည်။
မေမေကတော့ ဖွားဖွားနှင့်အတူ ဘုရားသွားတာကြောင့် အိမ်တွင်မရှိချေ။ထို့ကြောင့် ဖေဖေ့ကိုသာ အသိပေးပြီးလိုက်ပြီး ထွက်လာခဲ့တော့သည်။
စံ ကုမ္ပဏီသို့ရောက်သွားလျှင် ဝေယံက အသင့်စောင့်နေပေး၏။
ထို့ကြောင့် ဝေယံနှင့်အတူ ပြင်ဆင်ထားသည့်နေရာကို သွားကြည့်ဖြစ်သည်။ရုပ်ရှင်တွင်ပါဝင်သည့် သရုပ်ဆောင်များနှင့် ရိုက်ကူးရေးအဖွဲ့သားများအပြင် ကုမ္ပဏီရှိ ဝန်ထမ်းများလည်းပါတာမို့ ပွဲက သေးသေးလေးတော့မဟုတ်ပေ။
စံတို့ရောက်သွားလျှင် အားလုံးကအဆင်သင့်ဖြစ်နေကာ ညနေပွဲအတွက် အသင့်။အထူးတလည်အပ်ထားသည့် decoration
designer ကလည်း တောင်းဆိုထားသည့်အတိုင်း တစ်ထပ်တည်းကျအောင် ပြင်ဆင်ပေးထားတာဖြစ်သည်။
YOU ARE READING
Professional Actor [Completed]
Romance[Own Characters & Own Creation] [BL Story] [Drama & Romance] [1.5.2023] ➡️ [1.12.2023] Credit to owner for the cover photo.