Part-16 (Unicode)

24K 1.9K 109
                                    

မီးရောင်များ အ‌တန်အတင့် လင်းနေပြီဖြစ်သည့် ညနေခင်းတွင်
ထိပ်တန်း ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုလုံးသည်လည်း တောက်ပနေတော့၏။ပွဲတည်ရှိရာ နေရာတွင်တော့ အဝေးကကြည့်လျှင်ပင် ပြိုးပြိုးပြက်ပြက် ဖြစ်နေတော့သည်။ရွှေရောင်
နှင့် အဖြူရောင်တို့ကို အဓိကအသားပေး၍ အသုံးပြုကာ ပြင်
ဆင်ထားသည့် အခမ်းအနားတစ်ခုလုံးသည် ကြွရွနေကာ
မြင်ရသူတိုင်းအဖို့ စိတ်ကြည်နူးဖွယ်ရာအတိ။

ပွဲတစ်ခုလုံး၏ နေရာအနှံ့တွင်တော့ တာဝန်ကိုယ်စီဖြင့် အသင့်ရပ်
စောင့်နေကြသည့် suit အနက်ရောင်ဝတ် staff ပေါင်းများစွာ
ကိုတွေ့ရသည်။ထို့ပြင် ပွဲမစသေးတာကြောင့် အပြီးသတ်ပြင်ဆင်
စရာရှိသည်တို့ကိုလည်း တချို့ကပြင်ဆင်နေကြသေး၏။

မကြာမီတွင်တော့ အားလုံးသည် ပြီးစီးသွားကာ ပြင်ဆင်ထားသည့် အခမ်းအနားတစ်ခုလုံးသည် ကြွရောက်လာကြမည့် ဧည့်သည်တော်တို့အား ကြိုဆိုနေတော့သည်။

ပွဲတစ်ခုလုံးကိုတော့ အလယ်တွင် ကော်ဇောနီလျှောက်လမ်း ထား
ရှိထားကာ နှစ်ခြမ်းခွဲထားတာဖြစ်သည်။တစ်ဖက်စီတွင်တော့ စားပွဲဝိုင်းမြောက်များစွာရှိ၏။

အမှောင်ကျလာသည်နှင့်တစ်ပြိုင်နက် ဖိတ်ကြားထားသည့်
ဧည့်သည်တော်တွေသည်လည်း တဖွဲဖွဲ ရောက်လာကြ‌တော့
သည်။ဆန်းသစ်တောက်ပသော အပြင်အဆင်တွေကိုယ်စီနှင့် ကော်ဇောနီထက်တွင် ကြွကြွရွရွကလေး လျှောက်လာကြတာဖြစ်သည်။ကင်မရာသမားတွေသည်လည်း တက်ရောက်လာသည့်လူတိုင်းကို ရှုထောင့်အမျိုးမျိုးမှ အသားပေး၍ တဖျပ်ဖျပ်ရိုက်ကြကုန်၏။

ယနေ့ပွဲသို့ တက်ရောက်သူများမှာ ထိပ်တန်း ရုပ်ရှင်ထုတ်လုပ်ရေးနှင့် လက်တွဲ၍အလုပ်လုပ်ဖူးသူများ၊ လုပ်ငန်းပါတနာများ၊ဝန်ထမ်းများနှင့် မိတ်ဆွေများဖြစ်၏။

အနုပညာအသိုင်းအဝိုင်းမှ သရုပ်ဆောင်အသီးသီးတို့သည်လည်း
အမျိုးမျိုးသော fashion design တို့ကို သူ့ထက်ငါအပြိုင်
ထွင်၍ ဝတ်ဆင်လာကြသည်မှာ မသိလျှင် အကယ်ဒမီပေးပွဲတက်ကြသည့်အလားပင်။သို့သော်ငြား တစ်ယောက်တစ်မျိုးစီ
နှင့် အမြင်ဆန်းကာ ကြည့်ကောင်းနေကြပါသည်။

Professional Actor [Completed]Where stories live. Discover now