Part-1 (Unicode)

83.6K 3K 56
                                    

" Cut!!.. "

ရုတ်တရက်ထွက်ပေါ်လာသည့် စူးရှပြတ်သားသောအသံကြောင့်
shooting တွင် ရှိနေသူအားလုံးသည် အထိတ်တလန့်
ဖြစ်သွားကုန်ကြပြီး တစ်ဆက်တည်းမှာပင် ထိုအသံလာရာဆီသို့
အာလုံးရဲ့အကြည့်တွေက ရောက်ရှိသွားတော့၏။

စူးရှပြတ်သားသည့် ထိုအသံ၏ ပိုင်ရှင်ကတော့ သူတို့ထံသို့
အလောတကြီး လျှောက်လာနေတာဖြစ်သည်။ချောမောပြေပြစ်
သည့်ရုပ်ရည်သွင်ပြင်နှင့် ဆန့်ကျင်စွာပင် အသံပိုင်ရှင်၏မျက်နှာ
သည် တစ်စုံတစ်ရာကိုဒေါသထွက်နေသလိုလို။အနည်းငယ် နီမြန်းနေသည်မှာ နေ၏အပူချိန်ကြောင့်လည်း ဖြစ်မည်ထင်ပါသည်။

ထိုအသံပိုင်ရှင်မှာ တခြားသူ မဟုတ်။ဤ 'ထိပ်တန်း' ရုပ်ရှင်
ထုတ်လုပ်ရေးကုမ္မဏီပိုင်ရှင် 'ဦးခန့်ချော'၏ တစ်ဦးတည်း
သောသားဆိုသူဖြစ်၏။သူ့ကို သိကြသူများလည်းရှိသလို
မသိကြသူများလည်း ရှိသည်။မသိကြရခြင်းအကြောင်းမှာ
သူက နိုင်ငံခြားတွင်နေထိုင်ရင်း ပညာသင်ယူနေ‌သောကြောင့်ပါပင်။ထို့ကြောင့် သူ့ကို မြင်ဖူးသူ၊သိကြသူက အနည်းငယ်သာ။

ထိုအသံပိုင်ရှင်ကို တွေ့ကြလျှင် ချက်ချင်း စကားသံတို့ကလည်း
အုံကြွလာကြတော့သည်။

"ဟယ်!.. သူပါလား။"

"ဟဲ့... သူက ဘယ်အချိန်က မြန်မာနိုင်ငံကို ပြန်ရောက်လာတာ
လဲ။"

"ထင်သားပဲ... သူရောက်လာမယ်ဆိုတာကို။"

"အံမယ်လေး!.. သူရောက်လာပြီ အဟိ။"

"ဟယ်!.. ငါ့ရဲ့မင်းသားလေး...။"

"သေချာတယ်! ဒီမှာ ပွဲအကြီးကြီးဖြစ်တော့မှာ။"

"အို!.. သူရောက်လာမယ်မှန်း တို့ကကြိုသိနေတယ်လေ။"

စသဖြင့် မှတ်ချက်အမျိုးမျိုးကိုရေရွတ်နေကြရင်း အကြည့်တွေ
ကတော့ ထိုအသံပိုင်ထံမှ မခွာကြသေးပေ။လူအားလုံးရဲ့စိတ်ဝင်
တစားဖြစ်မှုကို လက်ခံရရှိထားသည့် ထိုအသံပိုင်ရှင်သည်
တစ်နေရာကိုရောက်လျှင်တော့ သူ၏ခြေလှမ်းများကို ချက်ချင်း
ရပ်တန့်ပစ်လိုက်ပြီး မျက်နှာအမူအယာကတော့ တင်းမာသည့်
ဘက်ကိုပိုရောက်နေ၏။

Professional Actor [Completed]Where stories live. Discover now