Extra (Unicode)

14.7K 834 31
                                    

ယနေ့သည် ကုမ္ပဏီပိတ်ရက်ဖြစ်သော်လည်း စံ အနားယူလို့မရပေ။အိပ်ရာစောစောထ၍ ပြင်ဆင်နေရ၏။ညကတည်းက ဖုန်းဖြင့် လှမ်းပြောလာသူကြောင့် စံ သွားရမှာဖြစ်သည်။

ပြင်ဆင်ခြင်းအား အဆုံးသတ်ပြီးသည့်နောက် စားပွဲပေါ်ရှိ ဖုန်းကို
ယူလိုက်ပြီး ကြည့်လိုက်လျှင် (၇:၀၀)နာရီအတိ ရှိနေလေပြီ။

နံနက်စောစော shooting ရှိသူကတော့ အိပ်ရာထဦးမည်မထင်။ဖုန်းဆက်ကြည့်တော့လည်း မကိုင်။ဖုန်းသံကို လစ်လျူရှု၍
ဆက်အိပ်နေတာဖြစ်ရမည်။

တွေ့အုံးမယ်!။

အိမ်မှထွက်လာပြီးသည့်နောက် သူ့ကွန်ဒိုဘက်သို့ တန်းတန်းမတ်မတ် မောင်းလာခဲ့သည်။သူ့အတွက် နံနက်စာကိုပါ
ဝင်ဝယ်ခဲ့၏။

ကွန်ဒိုကိုရောက်လာသည်နှင့် အခန်းအတွင်းသို့ ဝင်လိုက်သည်။
ဝယ်လာသည့်စားစရာအထုပ်များကို စားပွဲပေါ်တင်လိုက်ပြီး
အိပ်ရာမထသေးသူကိုနှိုးရန်အတွက် အိပ်ခန်းဘက်သို့ ခပ်သွက်သွက် လျှောက်လာလိုက်၏။

အိပ်ခန်းအတွင်းသို့ဝင်လိုက်လျှင် ထင်သည့်အတိုင်း မှောက်ခုံအနေအထားဖြင့် အိပ်နေဆဲဖြစ်၏။အနားသို့လျှောက်သွားလိုက်ပြီး သူ့ကိုယ်ပေါ်ရှိ စောင်ကို ဆွဲလှပ်ပစ်လိုက်ရင်း

"ထတော့.."

မလှုပ်။တစ်ချက်ကလေးမှ လှုပ်မလာတာဖြစ်၏။စံ မျက်ခုံးတွေကို အနည်းငယ်တွန့်ချိုးမိလျက်သား ဖြစ်သွားသည်။

"ဂုဏ် ထတော့လို့ပြောနေတယ်လေ။ကျစ်! ထပါတော့ဆို..။"

ပြောရင်း သူ့လက်ကောက်ဝတ်တစ်ဖက်ကို လှမ်းဆွဲလိုက်လျှင်
သူက ခေတ္တငြိမ်သက်နေပြီးကာမှ အမှတ်မထင် လူကိုဆွဲချပစ်၏။ထို့ကြောင့် စံသည် သူ့အနားတွင် ထိုင်လျက်သား ဖြစ်သွားရတော့သည်။ထိုအချိန်ထိ သူက မှောက်အိပ်နေဆဲဖြစ်ပြီး
စံ၏ဖြစ်ပျက်သွားရပုံကို မမြင်လိုက်ရ။

"(၇)နာရီခွဲတော့မှာနော် မင်း။အခု မထရင် shooting နောက်ကျတော့မှာ။"

ထိုအခါမှ မှောက်၍အိပ်နေသူသည် တစ်ဖက်သို့ ပက်လက်လှန်ပစ်လိုက်ပြီး လူကိုကြည့်လာ၏။ကြည့်နေသည်မှာ ခပ်ပြုံးပြုံး။ထိုအခါ ကိုယ်က စိတ်တိုစ ပြုလာရသည်။ကိုယ်က သူ့အတွက် လောနေရသလောက် သူကတော့ အေးဆေးလွန်းနေသောကြောင့်ပင်။

Professional Actor [Completed]Where stories live. Discover now