"ရောက်လာပြီလား ညီလေး။ထိုင်လေ"
မင်းထက်သာ၏အပြောကြောင့် ဂုဏ်က မျက်နှာချင်းဆိုင်ခုံတွင်ဝင်ထိုင်လိုက်၏။ထို့နောက် အိမ်ကြီးဘက်ကိုတစ်ချက်ကြည့်ကာ
"မေမေတို့မရှိဘူးပေါ့"
"အင်း ဖေဖေခေါ်သွားတာ။မိတ်ဆွေဟောင်းတွေနဲ့ တွေ့ကြမလို့တဲ့။"
"..............."
"ကိုကို ဘာလို့ခေါ်လိုက်လဲဆိုတာ ညီလေးသိတယ်မလား။"
ဂုဏ်က ခေါင်းညိတ်ပြသည်။ထို့နောက် အစ်ကိုဖြစ်သူ၏ ပြောလာမည့်စကားတို့ကိုနားထောင်ရန် ကြည့်နေတော့သည်။
ဂုဏ့်ကိုကြည့်ရင်းနှင့် မင်းထက်သာက ပြောရန်အရှိန်ယူလိုက်သေး၏။ခေတ္တကြာမှ...
"တချို့အကြောင်းတွေကိုတော့ ညီလေးသိပြီးလောက်ရောပေါ့။"
ဂုဏ်က ခေါင်းသာညိတ်ပြသည်။
"ဟုတ်တယ် ကိုကိုနဲ့စံက ချစ်သူတွေဖြစ်ဖူးကြပါတယ်။ကိုကို့ရဲ့
လူမဆန်တဲ့လုပ်ရက်ကြောင့် ဝေးခဲ့ရတာပေါ့။""............."
"ကိုကို.. ကိုကိုသူ့အပေါ် သစ္စာဖောက်မိခဲ့တယ်။"
မင်းထက်သာ၏အသံတို့က တုန်ယင်နေ၏။တစ်ဆက်တည်း
ဂုဏ့်ကိုပါ အကြည့်လွှဲသွားသည်။"ကိုကို့အပြစ်တွေပါ... အားလုံးက ကိုကို့အပြစ်တွေပါပဲ။"
"ဒါဆို ကိုကိုတို့ နိုင်ငံခြားကိုမထွက်ခင် ထွက်ခဲ့တဲ့ကောလဟလ
ကအမှန်ပဲပေါ့။""ဘာကိုလဲညီလေး"
"ကိုကို ယောက်ျားတစ်ယောက်နဲ့တွဲဖူးတယ်ဆိုတာလေ။
အဲ့ဒါက ထိပ်တန်းစံနဲ့မလား။"မင်းထက်သာက ခေါင်းညိတ်ပြ၏။ဂုဏ်ကလည်း လှုပ်လှုပ်ရှားရှားဖြစ်လာကာ
"ဘာဖြစ်လို့ ကျွန်တော့်ကိုမပြောပြခဲ့တာလဲ။ဘယ်အရာမဆို
ကျွန်တော့်ကိုရင်ဖွင့်တဲ့ကိုကိုက ဒီကိစ္စကျမှ ဘာလို့ချန်ထားရတာလဲ။""ညီလေး မသိလည်းဖြစ်တဲ့ကိစ္စမို့လို့ ကိုကိုမပြောပြခဲ့မိတာပါ။
ပြီးတော့ ဒါတွေဖြစ်လာမယ်လို့လည်း မမျှော်လင့်ထားခဲ့ဘူး။"

YOU ARE READING
Professional Actor [Completed]
Romansa[Own Characters & Own Creation] [BL Story] [Drama & Romance] [1.5.2023] ➡️ [1.12.2023] Credit to owner for the cover photo.