"ပြန်လာပြီပေါ့လေ"
ရုံးခန်းထဲဝင်လာသည့် စံ့ကိုကြည့်ရင်း နေယံကပြော၏။စံ ရောက်လာသည့်အချိန် ရုံးခန်းထဲတွင် နေယံတစ်ယောက်တည်းရှိနေတာဖြစ်သည်။ဂုဏ်ရှိန်ဝါ၏ မန်နေဂျာနှင့် ဝေယံတို့ မရှိတော့ပေ။
"မင်း ပြန်ပြီမှတ်နေတာ။"
အလုပ်စားပွဲဆီသို့မသွားသေးဘဲ နေယံထိုင်နေသည့်ဆိုဖာတွင် ဝင်ထိုင်ရင်းပြောလိုက်လျှင်
"အင်း မပြန်သေးဘဲစောင့်နေတာလေ။သူငယ်ချင်းနဲ့အတူ နေ့လယ်စာသွားစားမလားလို့။အခုတော့ ပြန်တော့မှာပါ။အတူသွားစားဖို့အတွက် အဖော်ကရောက်လာပြီဆိုတော့။"
စံ နှုတ်ခမ်းကိုတစ်ချက်မဲ့ပြပစ်လိုက်သည်။ထိုအခါ နေယံက
သဘောကျစွာရယ်၏။"သူလည်းသနားပါတယ် ခွင့်လွှတ်ပေးလိုက်ပါတော့ကွာ။"
"မသနားပါဘူး"
"မင်းကနေနိုင်တာကျလို့.."
"နေနိုင်တယ်"
"ပြပါအုံး နေနိုင်တဲ့မျက်နှာကြီး"
ထိုစဉ် ဂုဏ်ရှိန်ဝါကရောက်လာ၏။တံခါးကိုမခေါက်တော့ဘဲ
ချက်ချင်းဝင်လာခြင်းဖြစ်တာမို့ နေယံက ပြောလက်စ စကားကို
ရပ်လိုက်ရသည်။ထို့နောက် ရယ်ကျဲကျဲမျက်နှာဖြင့်"ဒါဆို ငါပြန်တော့မယ်နော် စံ"
"နေ့လယ်စာသွားစားကြမယ်ဆို"
"တော်ပါ ငါလူပိုအဖြစ်မခံနိုင်ပါဘူး"
"............."
"အားလုံးပြီးသွားရင် ဖုန်းဆက်လိုက်မယ်။အဲ့တော့မှ ငါ့ဆီလာခဲ့တော့။"
"အင်းပါ ကောင်းကောင်းပြန်"
နေယံက ခေါင်းညိတ်ပြပြီးနောက် ရုံးခန်းထဲကထွက်သွားပြီဖြစ်သည်။
ထိုအခါမှ တိတ်ဆိတ်နေသည့်တစ်ယောက်က လှုပ်ရှားလာတော့သည်။
"ခင်ဗျား အလုပ်ပြီးပြီမလား"
"မပြီးသေးဘူး"
"မပြီးသေးလည်းထားခဲ့ နေ့လယ်စာစားချိန်ရောက်နေပြီလေ။"
"ငါဗိုက်မဆာသေးဘူး"
YOU ARE READING
Professional Actor [Completed]
Romance[Own Characters & Own Creation] [BL Story] [Drama & Romance] [1.5.2023] ➡️ [1.12.2023] Credit to owner for the cover photo.