Part-22 (Unicode)

24.7K 1.6K 33
                                    

"ဖယ်တော့... ငါအသက်ရှူကျပ်နေပြီ။"

အချိန်အတော်ကြာသည်အထိ တင်းကျပ်နေအောင် ဖက်ထားသူကြောင့် စံကပဲ ပြောလိုက်ရတော့သည်။သူကတော့မသိပေ စံက
တော့ အမှန်တစ်ကယ်ကိုပင် အသက်ရှူကျပ်လာတာဖြစ်၏။

စံ၏အပြောကြောင့် သူကလည်း တင်းကျပ်နေအောင်ဖက်ထားရာမှ အနည်းငယ်မျှတော့ ဖြေလျှော့ပေး၏။သို့သော် လုံးလုံးလျားလျား လွှတ်ပေးလိုက်ခြင်းမျိုးတော့ မဟုတ်ပေ။

စံ သူ့ကိုတစ်ချက်ကြည့်လိုက်လျှင် သဘောကျသလို နှုတ်ခမ်းတွန့်ရုံ တစ်ချက်ပြုံး၏။ထို့နောက်...

"ရွှတ်...."

ပါးပြင်ကို ငုံ့နမ်းလိုက်သည်မှာ လျင်မြန်လွန်းသည့်အရှိန်ဖြင့်။

မနေတတ်သလို ဖြစ်သွားတာကြောင့် မဆီမဆိုင် အနမ်းခံလိုက်ရ
သည့်ပါးပြင်ကို လက်ဖဝါးနှင့် ပွတ်လိုက်မိလျှင်

"ခင်ဗျားက တစ်ကယ်ချစ်ဖို့ကောင်းတယ်။"

"တော်တော့"

"ဘာဖြစ်လို့လဲ... ခင်ဗျား ရှက်လို့လား။"

"ငါက အဲ့လိုမျိုးတွေ နားထောင်နေကျမဟုတ်ဘူး။"

"ဟာ... ဒီကောင်ကရော အဲ့လိုတွေ ပြောနေကျလို့ထင်လို့လား။"

"မသိဘူးလေ.."

"............"

တစ်ဖက်ကိုအကြည့်လွှဲရင်း စံကပြောလိုက်လျှင် သူကလည်း
အသံ ထွက်ရုံမျှသာ ရယ်သည်။

"ခေါင်းသုတ်ပေး...."

တဘက်တစ်ထည်ကို စံ့လက်ထဲကိုထည့်ပေးရင်း ပြောလာသူကြောင့် စံလည်း ရေစိုနေဆဲဖြစ်သည့် သူ့ခေါင်းကို အချိန်တစ်ခု
အထိ သုတ်ပေးလိုက်ရ၏။

"ရပြီ..."

စံ့အပြောကြောင့် သူကလည်း စံ့လက်ထဲကတဘက်ကိုယူကာ
ထိုင်နေရာမှ ထသွားတော့သည်။ထို့နောက် အဝတ်လဲခန်းထဲသို့
ဝင်သွားကာ အဝတ်လဲပြီး ပြန်ထွက်လာ၏။ထိုအချိန်တွင် စံသည်
လည်း အိမ်ပြန်ရန်အတွက် ပြင်ဆင်နေချိန်ဖြစ်သည်။

"ငါပြန်တော့မယ်...။"

ဧည့်ခန်းနားရောက်လာသည့် သူ့ကိုမြင်လိုက်သည်နှင့် ပြော
လိုက်၏။ထိုအခါ သူကလည်း စံ့အနားကိုရောက်လာကာ

Professional Actor [Completed]Where stories live. Discover now