ပုံမှန်ရက်တွေလိုပါပင် အေးချမ်းစွာဖြတ်သန်းဖြစ်နေ၏။အရာရာဟာ အဆင်ပြေနေပြီဖြစ်သောကြောင့် စံတို့သည်လည်း တရားဝင်တွဲနေကြပြီဖြစ်သည်။တစ်ယောက်ကိုတစ်ယောက်လေ့လာရင်းနှင့် ခိုင်မာသည့်ဆက်ဆံရေးတစ်ခုဖြစ်လာစေရန်
နှစ်ယောက်အတူကြိုးစားနေကြသည်။အလုပ်ချိန်များမှလွဲ၍
သူနှင့်အတူ အချိန်ကုန်ဖြစ်၏။အလုပ်ချိန်အတွင်းဖြစ်နေစေကာမူ
သူက သူဆန္ဒရှိလျှင် စံ့အနားကိုရောက်ရောက်လာတတ်သေးသည်။ဘယ်လိုပြောပြော မရပါ။တစ်ရက်ထက်တစ်ရက် သူ့အကြောင်းကိုပိုသိလာရသောကြောင့် သူနှင့်ပို၍ လိုက်လျောညီထွေဖြစ်လာတော့သည်။သူသည်လည်း ထိုနည်း၎င်းပင်ဖြစ်မည်ထင်ပါ၏။
အရင်လို သိုသိုဝှက်ဝှက်နေရသည့် အချိန်ကာလမဟုတ်တော့တာမို့ ရှင်သန်ရသည့်နေ့ရက်များကလည်း ပို၍လွတ်လပ်ပေါ့ပါးလာသယောင်။
ယခုနောက်ပိုင်း စံတို့ကြားတွင်ဖြစ်လာသည့် ပြဿနာဟုမဆိုနိုင်သော ပြဿနာတစ်ခုရှိသေး၏။ဂုဏ်က အလွန်အမင်း သဝန်တိုတတ်တာ ဖြစ်သည်။ရွယ်တူနှင့် အသက်မတိမ်းမယိမ်းရှိသည့်
ယောက်ျားလေးများနှင့်ဆိုလျှင် ပိုဆိုး၏။ချစ်လို့ဖြစ်တာကိုသိသော်လည်း သူ့ကို အမြဲတမ်းသတိပေးရသည်။ဘယ်အရာမဆို
လိုတာထက်ပိုကဲလာလျှင် မကောင်းဖြစ်လာတော့မည်မို့။တစ်ကယ်ဆိုလျှင် စံကသာ ပို၍သဝန်တိုရအုံးမှာဖြစ်သည်။
သူနှင့်တွဲဖက်အလုပ်လုပ်ရသည့် မိန်းကလေးတွေက တွေ့လိုက်မိတိုင်း လူထပ်တာမျိုးကိုမရှိပေ။အမြဲတမ်း မျက်နှာသစ်တွေဖြစ်၏။သို့သော် စံ သဝန်တိုချင်စိတ်ထက် သူ့ကိုယုံကြည်သည့်စိတ်ကို ပို၍မွေးမြူဖြစ်သည်။ကိုယ်တိုင်ကလည်း သူ့ကိုအကြွင်းမဲ့ယုံကြည်ထားသောကြောင့်ပင်။ထိုအတိုင်းပင် သူ့ကိုလည်းဖြစ်စေချင်၍ အမြဲသတိပေးနေရတာဖြစ်သည်။စံ ပြောလိုက်လျှင်တော့ သူကလက်ခံပါ၏။ထိုအချက်ကြောင့်ပင်
သူ့ကိုထိန်းချုပ်နိုင်နေတာဖြစ်သည်။တွဲလာတာကြာလာသည်နှင့်အမျှ သူ့အချစ်တွေကိုပို၍မြင်လာကာ သူ့ကိုလည်း ပို၍ချစ်လာမိ၏။ဂုဏ်ရှိန်ဝါ က ချစ်ဖို့ကောင်းသည့်ယောက်ျားတစ်ယောက်ဆိုတာကိုတော့ ဘယ်လိုမှငြင်းမရ။
YOU ARE READING
Professional Actor [Completed]
Romance[Own Characters & Own Creation] [BL Story] [Drama & Romance] [1.5.2023] ➡️ [1.12.2023] Credit to owner for the cover photo.