Part-42 (Unicode)

20.2K 1.4K 24
                                    

"ကိုစံ! ကိုစံကြည့်ပြီးပြီလား"

ဝေယံက ရုံးခန်းအတွင်းသို့ အလောတကြီးဝင်လာရင်းနှင့် ပြောလိုက်တာဖြစ်သည်။စံက စစ်ဆေးရန်ရှိနေသည့်အလုပ်ကိစ္စများကို စစ်ဆေးနေတာမို့ ချက်ချင်းမတုံ့ပြန်လိုက်နိုင်။ထိုစဉ် အနားကိုရောက်လာပြီဖြစ်သည့် ဝေယံက ထပ်ပြောပြန်၏။

"ကိုစံ ဖုန်းကိုတစ်ချက်ကြည့်လိုက်ပါအုံး"

"ဘာဖြစ်ပြန်ပြီလဲ ဝေယံ"

စံ ပြောရင်းနှင့် ဖုန်းကိုပါဖွင့်လိုက်သည်။တစ်ဆက်တည်း ဟိုဟိုသည်သည်လိုက်ကြည့်မိလျှင် မြင်လိုက်ရသည့်အရာကြောင့်
အမည်တပ်ရခက်သည့်ခံစားချက်ကို ခံစားလိုက်ရ၏။

ဂုဏ်က သူတရားဝင်အသုံးပြုနေသည့် ကိုယ်ပိုင် page မှတစ်ဆင့် စံတို့၏ပတ်သက်မှုကို live နှင့်အတူ ကိုယ်တိုင်အတိအလင်းဝန်ခံကြေညာ၍ ချပြနေတာဖြစ်သည်။ထို live ကို
ဝင်ရောက်ကြည့်ရှုနေသူများ၏ပမာဏသည် ထောင်ပေါင်းများစွာရှိ၏။သူကလည်း စံတို့၏ပတ်သက်မှုနှင့်ဆက်စပ်၍ တရစပ်
ပြောဆိုနေတာဖြစ်သလို ဝင်ရောက်ကြည့်ရှုနေကြသူများကလည်း မှတ်ချက်များကို တရစပ် ပြုနေကြသည်။

"ဝေယံ..."

"နောက်ဆုံးတော့ အားလုံးအဆင်ပြေသွားပြီ ကိုစံ"

ဝေယံ့မျက်နှာက ခပ်ပြုံးပြုံးဖြစ်နေ၏။ဝေယံကပျော်‌နိုင်ပေမယ့်
စံတော့ မပျော်နိုင်သေးပေ။သူ ယခုလိုချပြလိုက်တာက သူ့မိဘတွေကို တမင်လုပ်ပြလိုက်တာမျိုးဟု စိတ်ထဲထင်နေ၏။

ညက ဖုန်းပြောဖြစ်ကြတုန်းကတောင် ဒီကိစ္စနဲ့ပတ်သက်ပြီး 
သူ ဘာမှမဟခဲ့တာကြောင့်။သူ ဘာတွေလျှောက်လုပ်နေပြန်တာလဲ။လျှောက်မလုပ်ဖို့ကို ဘယ်လောက်ပြောပြော တစ်ကယ်မရပါလား။

အတွေးနှင့်ပင် စိတ်ပူလာရပြန်၏။ဖုန်းဆက်လိုက်ဖို့ စိတ်ကူးမိသော်လည်း သူ မကိုင်မှာကိုကြိုသိနေသည်။သူ့ live ကလည်း
နာရီဝက် ဝန်းကျင်ခန့်တော့ရှိနေပြီဖြစ်၏။ထို့ကြောင့် သူပြီးမည့်အချိန်ကို စောင့်လိုက်ရုံသာတတ်နိုင်တော့သည်။

တစ်ခုခုလုပ်မည်ဆိုလျှင် ကြိုပြောဖို့ အမြဲမှာထားတာဖြစ်သည်။
ယခုလို ထဖောက်တာမျိုးကိုလောက် စိတ်ဆိုးချင်စရာမရှိ။

Professional Actor [Completed]Where stories live. Discover now