Part-11 (Unicode)

21.5K 1.6K 101
                                    

ဖူးပွင့်ဖြူ၏ကား ရပ်လိုက်သည့်နေရာသည် ကော်ဖီဆိုင်တစ်
ဆိုင်တွင်ဖြစ်သည်။‌ရောက်တာနှင့် သူမသည် ကားပေါ်မှဆင်းကာ
ဆိုင်ထဲသို့ဝင်သွားလေပြီ။‌မကြာမီတွင် စံကလည်း ရောက်လာ
၏။ထို့‌နောက် ကားကိုသေချာရပ်လိုက်ပြီးမှ ကားပေါ်ကဆင်းကာ ဆိုင်အတွင်းသို့ဝင်သွား၏။

စံသည် ဆိုင်ထဲသို့‌ဝင်လိုက်ပြီးလျှင် သူမ ထိုင်နေသည့်ဝိုင်းသို့
လျှောက်သွားလိုက်ပြီး မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်၏။
အချိန်တစ်ခုကြာလျှင် ကောင်မလေးတစ်ယောက်သည် သူတို့ဝိုင်းကို ကော်ဖီနှစ်ခွက် လာချပေးသည်။

"ငါပြန်လာတာကို နင်မအံ့ဩဘူးလား စံ။"

ဖူးပွင့်ဖြူ၏အမေးကို စံက ချက်ချင်းမဖြေဘဲ အရှေ့ရှိ
ကော်ဖီခွက်ကိုကောက်ကိုင်ကာ တစ်ငုံမော့လိုက်သေးသည်။ပြီး
မှ ဖူးပွင့်ဖြူ၏ မျက်ဝန်းတို့ကိုစိုက်ကြည့်ရင်း ပုံမှန်အသံဖြင့်
ပြန်ဖြေလိုက်၏။

"ဘာအံ့ဩစရာရှိလို့လဲ။ငါ့အတွက် အရေးပါတဲ့ကိစ္စမှ
မဟုတ်တာ..။"

"နင်တစ်ကယ်ကို ပြောရဲဆိုရဲလာတာပဲ စံ။"

"အဲ့လိုဖြစ်သွားလား။မရည်ရွယ်ပါဘူး။ဒါပေမဲ့
အဲ့ဒါက ငါ့အတွက်တော့ အမှန်တရားပဲလေ။"

"ထားပါတော့!.. လိုရင်းကိုပဲပြောကြတာပေါ့။"

ဖူးပွင့်ဖြူ၏ ကိုယ်နေကိုယ်ဟန်မှာ ခပ်မတ်မတ်ဖြစ်ပြီး စားပွဲပေါ်သို့ လက်ထောက်ထားကာ လက်နှစ်ဖက်ကိုလည်း ယှက်ထား၏။
နက်မှောင်သော ဆံနွယ်တချို့မှာတော့ ပုခုံးကိုကျော်ကာ ရင်ညွန့်
နားအထိ လျှောကျနေသေးသည်။

"နင်... ငါတို့အပေါ်ကို အခုထိမကျေနပ်သေးဘူးလား။"

ထိုမေးခွန်းကြောင့် စံသည် တစ်ချက်တော့တည်သွားရ၏။
တစ်ဆက်တည်းတွင် ပီပြင်လှသည့် အပြုံးတစ်ခုကိုပါ နှုတ်ခမ်း
တစ်ဖက်တွန့်ရုံ ပြုံးမိသည်။

မေးရဲလိုက်လေခြင်း ဖူးပွင့်ဖြူရယ်..။

"နင်ပြောချင်တဲ့ လိုရင်းဆိုတာက ဒါလား။"

"ငါမေးတာကိုပဲ အရင်ဖြေပေးပါ။"

"နင်ကဘယ်လိုထင်လို့လဲ။"

Professional Actor [Completed]Where stories live. Discover now