"မလိုက်ချင်ပါဘူး၊မင်းကအလုပ်လုပ်ဖို့သွားတာကို ငါကထိုင်ကြည့်နေရမှာပေါ့။ပြီးတော့ လူတွေသတိထားမိကုန်မှာ။"
စံ ပြောလိုက်တော့ တစ်ဖက်ကနေရယ်သည်။သူ့ကြော်ငြာရိုက်ကွင်းကိုလိုက်ခဲ့ဖို့ မနေ့ကတည်းကခေါ်နေတာဖြစ်သည်။မနေ့ကတော့ ရုံးဖွင့်ရက်ဖြစ်နေတာကြောင့် စံ မသွားဖြစ်ပေ။ထို့ကြောင့် သူက လက်မလျှော့ဘဲ ယနေ့ကို ရအောင်ခေါ်နေတာဖြစ်၏။
သိသည့်အတိုင်း ထိုသို့သောနေရာမျိုးတွင် လူလည်းများသည်လေ။ထို့အပြင် စံ့ကိုမြင်သွားကြလျှင် တစ်မျိုးတစ်မည် တွေးကြတော့မှာသေချာ၏။ထို့ကြောင့် ပြောနေရခြင်းဖြစ်သော်လည်းဘယ်လောက်ပြောပြော သူကလက်မခံ။
တစ်ဖက်ကနေ အတော်ကြာအသံတိတ်နေရာမှ ထပ်ထွက်လာ၏။
"ကျွန်တော်က ခင်ဗျားရဲ့ခြံအရှေ့မှာရောက်နေပြီ"
"ဘာ"
စံ ထိုစကားကိုကြားလိုက်ရပြီးသည်နှင့် ချက်ချင်း အခန်း၏ပြတင်းပေါက်မှတစ်ဆင့် အပြင်ကိုလှမ်းကြည့်လိုက်လျှင် အမှန်တစ်ကယ်ရောက်နေတာဖြစ်သည်။ထို့ကြောင့်...
"မင်း မင်းတော်တော်ပြောရခက်ပါလား"
"မခက်ပါဘူး၊ခင်ဗျား ဆင်းလာလိုက်ရင်ရပြီ။အဲ့ဒါဆိုရင်လွယ်သွားမှာ။"
"မင်းအတွက်ကိုပြောနေတယ်ဆိုတာရော သိလား"
"မသိဘူးဗျာ ဆင်းခဲ့တော့၊ဆင်းခဲ့နော် မဟုတ်ရင် ကျွန်တော်
ကြော်ငြာရိုက်ကွင်းကိုမသွားဘူး။""ဂုဏ်ရှိန်ဝါ! မင်းငါ့ကိုအခက်တွေ့အောင်မလုပ်နဲ့နော်"
တစ်ဖက်က အသံတိတ်သွားပြန်၏။သူပြုံးနေမှာကို အသေအချာသိသည်။တစ်ကယ်ကို လူလည်လူညစ်ပတ်။
ခြံအရှေ့တွင်အကြာကြီးရှိနေလျှင်လည်း မေမေတို့ကသတိထားမိသွားဦးမည်။ဒီတစ်ယောက်နဲ့တော့ မဖြစ်သေးပါ။
Ti...
ဖုန်းကိုချလိုက်ပြီးသည်နှင့် ချက်ချင်း အခန်းထဲမှအမြန်ထွက်ရသည်။ထို့နောက် အောက်ထပ်သို့ခပ်မြန်မြန်ဆင်းလာလိုက်ပြီး
ခြံအရှေ့ကိုအပြေးအလွှားသွားရ၏။
YOU ARE READING
Professional Actor [Completed]
Romance[Own Characters & Own Creation] [BL Story] [Drama & Romance] [1.5.2023] ➡️ [1.12.2023] Credit to owner for the cover photo.