"ကိုစံ ဒီနေ့ ရိုက်ကွင်းကိုမသွားတော့ဘူးလား။"
ဝေယံက စံ့ရုံးခန်းထဲကိုဝင်လာရင်းမှ မေး၏။ထို့ကြောင့် စံသည်
အလုပ်လုပ်နေရင်းမှ ဝေယံ့အား ခေါင်းထောင်ကြည့်လိုက်ရင်း..."မသွားတော့ဘူး ဝေယံ။"
"ဘာဖြစ်လို့လဲ ကိုစံ။"
"ဘာမှမဖြစ်ပါဘူး။အစ်ကို ဒီမှာပဲကျန်ခဲ့တော့မယ်။
နှစ်ပတ်လည်ပွဲကလဲ သန်ဘက်ခါဆိုတော့ ပြင်ဆင်တာတွေအ
တွက်က အစ်ကိုရှိနေမှဖြစ်မှာ။ဝေယံပဲ သွားလိုက်တော့။
ညနေကျရင်တော့ ထူးခြားတာရှိရင် အစ်ကို့ကိုပြန်ပြော။""ဟုတ်ကဲ့ ကိုစံ။ဒါဆို ကျွန်တော်သွားပြီ။"
"ဪ.. ဒါနဲ့ ရိုက်ကွင်းက အဖွဲ့သားတွေနဲ့ သရုပ်ဆောင်တွေ
အတွက် ဖိတ်စာတွေယူသွားလိုက်အုံး။နာမည်တွေလဲပါပြီးသား။
ဒါရိုက်တာကိုတော့ အစ်ကိုဖိတ်ပြီးပြီ။သန်ဘက်ခါ ညနေကျရင် နှစ်ပတ်လည်ပွဲကို အားလုံး တက်ရောက်ပေးကြပါလို့လဲ သေချာလေးပြောနော် ဝေယံ။""ဟုတ်ကဲ့ ကိုစံ။"
စံ့ဆီမှ ခွင့်ပြုချက်ရပြီးသည်နှင့် ဝေယံသည် ရုံးခန်းထဲမှထွက်သွားတော့သည်။စံလည်း မပြတ်သေးသည့် အလုပ်တချို့ကိုဆက်လုပ်ဖို့ အလုပ်ထဲကိုပဲ အာရုံပြန်စိုက်လိုက်၏။
သန်ဘက်ခါဆိုလျှင် သည်ရုပ်ရှင်ထုတ်လုပ်ရေးကို ဖေဖေ တည်
ထောင်ထားသည်မှာ နှစ်(၂၀)ပြည့်မှာဖြစ်သည်။ဘိုးဘွားစဉ်ဆက် တည်ထောင်ထားသည့် စီးပွားရေးလုပ်ငန်းတစ်ခု မဟုတ်
သော်လည်း ဖေဖေသည် အကောင်းဆုံးကြိုးစား၍ ကုမ္ပဏီကို
ယနေ့အထိ တည်မြဲအောင် ထိန်းထားနိုင်၏။ဖေဖေသည် အရည်
အချင်းရှိသည့် လူတစ်ယောက်မို့ သူ့အတွက်တော့ အမြဲတမ်း
စံပြဖြစ်ခဲ့သည်။တစ်နေ့တွင်လည်း စံသည် ဖေဖေ့နေရာသို့ လက်လွှဲယူကာ
ဤလုပ်ငန်းကြီးအား သည်ထက်တိုးတက်၍ ဆက်လက်တည်တံ့
စေရန်အတွက် ကြိုးစားရပေအုံးမည်။ထို့ကြောင့်လည်း လိုအပ်
သည့်ပညာရပ်များကို စာတွေ့သင်ကြားထားခဲ့ပြီး ဖေဖေ့ဆီမှလည်း ကြုံလျှင်ကြုံသလို အတွေ့အကြုံကောင်းတွေကို သင်ယူ
ဖြစ်ပါသည်။
![](https://img.wattpad.com/cover/340040872-288-k683736.jpg)
YOU ARE READING
Professional Actor [Completed]
Romance[Own Characters & Own Creation] [BL Story] [Drama & Romance] [1.5.2023] ➡️ [1.12.2023] Credit to owner for the cover photo.