ထိပ်တန်း ရုပ်ရှင်ထုတ်လုပ်ရေး၏ meeting room ထဲတွင်
ပုံမှန်ထက် များသည့် လူပမာဏက ကိုယ်စီထိုင်လျက်ရှိနေကြ၏။တီးတိုး၍လည်း ပြောဆိုနေကြသေးသည်။ထိပ်ဆုံးတွင်တော့ ဥက္ကဌကထိုင်နေတာဖြစ်ပြီး အနားတွင်လည်း သူ့အတွင်းရေးမှူးကရှိနေ၏။ယနေ့၏ ချက်ချင်း meeting ရှိလာသည့်ကိစ္စနှင့်ပတ်သက်၍ မနေ့ကတွင်လည်း meeting ထိုင်လိုက်ရသူများက နားမလည်ကြ။ထူးခြားသည့်ကိစ္စရှိသည် ဆို၍သာ လာလိုက်ရတာဖြစ်သည်။
မသိမသာ လှုပ်လှုပ်ရှားရှားဖြစ်နေသည့် အခန်းတွင်းမှအခြေအနေတို့ကို ဥက္ကဌက အကဲခတ်နေသည်။အတွင်းရေးမှူးဖြစ်သူကိုလည်း ရံဖန်ရံခါ စကားတချို့ကိုကပ်ပြောသေး၏။
Meeting room ထဲသို့ ခြေမချရတာကြာပြီဖြစ်သည့်
သူတွေအဖို့တော့ ယခုအခြေအနေသည် အလွန်ထူးဆန်းနေပါ၏။
သူတို့အနေနှင့် ဤကဲ့သို့သော meeting ကြီးမျိုးကို တက်ရသည်မှာ လက်ချိုးရေတွက်၍ပင်ရသည်။ဌာနမှ အကြီးအကဲများကသာ တက်ရောက်ခွင့်ရကြတာဖြစ်ပြီး ထို့နောက်မှသာ သက်ဆိုင်ရာဌာနအလိုက် အစည်းအဝေး ပြန်လုပ်ကြရတာဖြစ်သည်။ထို့ကြောင့် ယခုလိုအခြေအနေသည် သူတို့အတွက်တော့ အလွန်ထူးခြားဆန်းပြားနေခြင်း။
"Meeting ကို အလောတကြီး ထစီစဉ်တဲ့သူက ဘယ်မှာလဲဗျ။ကျုပ်တို့မှာ အလုပ်ရှိသေးတယ်။ဘယ့်နှယ့်ဗျာ.. ကိုယ်ကစီစဉ်ထားပြီး ကိုယ်တိုင်ကနောက်ကျရတယ်လို့!။အချိန်နဲ့ တခြားသူတွေကို လေးစားမှုရှိဖို့တော့ကောင်းပါတယ်။"
ရုတ်တရက်ထပြောသည့် ဦးမျိုးသန့်၏ထိုစကားကြောင့် အနည်းငယ်ဆူနေသည့် အခန်းတွင်းအခြေအနေသည် ချက်ချင်းဆိုသလို တိတ်ဆိတ်သွားရကာ အားလုံး၏အကြည့်တွေကလည်း
ဥက္ကဌရှိရာသို့ တစ်ပြိုင်နက်တည်းရောက်သွားကြသည်။အကြောင်းမှာ ဦးမျိုးသန့်က ဥက္ကဌကိုကြည့်ပြီး ပြောလိုက်ခြင်းဖြစ်၍။ဥက္ကဌက အဓိပ္ပါယ်ပါပါ တစ်ချက်ပြုံးသည်။ထိုအခါ ဦးမျိုးသန့်က စိတ်ရှုပ်သလို အမူအယာပြ၏။
"သူ လာနေပါပြီတဲ့။သူရောက်လာရင် နောက်ကျရတဲ့အကြောင်း
အရင်းကို သေချာလေးပြောပြပါလိမ့်မယ်။"
YOU ARE READING
Professional Actor [Completed]
Romansa[Own Characters & Own Creation] [BL Story] [Drama & Romance] [1.5.2023] ➡️ [1.12.2023] Credit to owner for the cover photo.