'ထိပ်တန်း ရုပ်ရှင်ထုတ်လုပ်ရေး၏ ရိုက်ကူးနေဆဲဖြစ်သည့် ရုပ်ရှင်ရိုက်ကွင်းပေါ်တွင် ခေါင်းဆောင်မင်းသား မတော်တဆထိခိုက်မှုဖြစ်ခဲ့' ဟူသည့် သတင်းသည် သည်အပတ်အတွင်း လူပြောအများဆုံး သတင်းတစ်ပုဒ်ဖြစ်ခဲ့သည်။ထိုသတင်းကြောင့် ထိပ်တန်း ရုပ်ရှင်ထုတ်လုပ်ရေးတွင်လည်း ဆုံးရှုံးမှု အနည်းငယ်ရှိခဲ့၏။
ထိုနေ့က ရိုက်ကွင်းရှိအဖြစ်အပျက်များကို ကွက်ကွက်ကွင်းကွင်း
မြင်လိုက်ရသည့် ပြင်ပ ပရိသတ်များကလည်း လိုသလိုခေါင်းစဉ်တပ်ကာ လျှောက်ဖွပစ်လိုက်ခြင်းကြောင့် သတင်းသည် ယခု
လို ကြီးမားသွားတာဖြစ်၏။ထို့ကြောင့် သတင်းထူးကိုစောင့်မျှော်နေကြသည့် မီဒီယာသမားတွေသည်လည်း 'ရေငတ်တုန်း ရေတွင်းထဲကျ' သကဲ့သို့ ဖြစ်သွားသည်မှာ မဆန်းပေ။မလိုအပ်ပါဘဲနှင့် ချဲ့ကားကြီးမားနေသည့် ထိုသတင်းသည်
ကာယကံရှင်ဖြစ်သူ သရုပ်ဆောင်မင်းသား 'ဂုဏ်ရှိန်ဝါ' မှ
ထို accident နှင့်ပတ်သက်၍ တရားဝင် ပြောကြားလိုက်ပြီးမှသာ ထင်ကြေးအမျိုးမျိုးပေးနေသော ထိုသတင်းသည်
social media ထက်တွင် တိတ်ဆိတ်ငြိမ်သက်သွားတာဖြစ်သည်။မဟုတ်လျှင်တော့ ထိုသတင်းသည် လ ချီသည်အထိ ကြာနိုင်၏။"တော်ပါသေးတယ်ဟယ်! မင်းသားကပဲ သေချာဖြေရှင်းပေး
လိုက်လို့။""အေးလေဟယ်... မဟုတ်လို့ကတော့ မလွယ်ဘူး။"
"ဒီကိစ္စက တစ်ကယ်ပဲ မတော်တဆ မဟုတ်ဘူးလား။"
"မပြောတတ်ပါဘူးဟယ်။လူတွေထင်ကြေးပေးနေသလို
ဖြစ်နေရင်ရော ဘယ်လိုလုပ်မလဲ။""ဟာ! အဲ့လိုတော့ မဖြစ်နိုင်ပါဘူး။ထိပ်တန်းမှာ အဲ့လိုယုတ်မာ
တဲ့သူမှမရှိတာ။""ဟဲ့! အဲ့ဒီ့လိုတော့ အတပ်ပြောလို့မှမရတာ။"
"အေ့လေ.. ဘာပဲဖြစ်ဖြစ် အခြေအနေကို ဆက်စောင့်ကြည့်ရမှာပေ့ါ။"
"စိတ်ညစ်ပါတယ်ဟယ်! နှစ်ပတ်လည်ပွဲ ပြီးထားတာတောင်
မကြာသေးဘူး။မထင်မှတ်ဘဲ ဒီလိုထဖြစ်တာဆိုတော့ ဥက္ကဌ
တော့ တော်တော်စိတ်ညစ်နေတော့မှာပဲ။""အေးဟယ်...."
ထုံးစံလိုပင် ရိုက်ကူးရေးအတွက်ပြင်ဆင်နေရင်းမှ ရိုက်ကူးရေး
မစခင် အုပ်စုဖွဲ့၍ ရောက်တတ်ရာရာကို ပြောနေကြတာဖြစ်၏။
တစ်ယောက်တစ်ခွန်းနှင့် ငါမေးသူဖြေ သူမေးငါဖြေ ဖြစ်နေကြကာ ထိုစကားဝိုင်းသည် အသက်ဝင်နေပါသည်။
![](https://img.wattpad.com/cover/340040872-288-k683736.jpg)
YOU ARE READING
Professional Actor [Completed]
Romance[Own Characters & Own Creation] [BL Story] [Drama & Romance] [1.5.2023] ➡️ [1.12.2023] Credit to owner for the cover photo.