Part-25 (Unicode)

19.6K 1.4K 23
                                    

"ကျွန်တော်တို့ပြန်ကြရအောင်။"

Restaurant အတွင်းကိုပြန်ရောက်လာပြီဖြစ်သည့် ဂုဏ်က
စံ့အနားကိုရောက်တာနှင့် လက်ကိုဆုပ်ကိုင်လိုက်ရင်းပြောသည်။
ထိုအခါ စံကလည်း ခေါင်းညိတ်ပြ၏။ထို့နောက် ဂုဏ်က ထိုင်နေသည့် ဖူးပွင့်ဖြူကိုကြည့်ရင်း နှုတ်ဆက်လိုက်သေးသည်။

"ကျွန်တော်ပြန်နှင့်ပြီ မဖြူ။အိမ်ကိုလာမှပဲ ထပ်တွေ့မယ်။"

"အင်း ဟုတ်ပြီ မောင်လေး။ကားကိုဂရုစိုက်မောင်းအုံး။"

ဖူးပွင့်ဖြူကလည်း နှစ်လိုဖွယ်ပြုံးပြရင်း ပြန်ပြောလိုက်၏။
စံ့ကိုလည်း မသိမသာ မျက်စောင်းတစ်ချက် ထိုးလိုက်သေးသည်။ထိုသည်ကို စံတို့ကမမြင်လိုက်ကြ။

ဂုဏ်က ခေါင်းညိတ်ပြလိုက်ပြီးနောက် စံ့လက်ကိုဆုပ်ကိုင်လျက်
နှင့် ထွက်သွားတော့သည်။

ဂုဏ်၏မျက်နှာသည် တင်းမာနေကာ ထိုအခြေအနေကို စံက
အကဲခတ်၏။ထို့နောက် ဂုဏ့်ကိုကြည့်ကာ...

"ငါ့ကားပါတယ်လေ... ငါ့ကိုလိုက်မပို့နဲ့တော့။"

စကားတစ်ခွန်းမျှမပြောဘဲ သူ့ကားရှိရာကိုခေါ်သွားနေသူကြောင့်
စံ ပြောလိုက်ရတော့သည်။ပုံစံကိုကြည့်ရသည်မှာ အစ်ကိုဖြစ်သူ
ထံမှ မည်သည်ကိုမှသိလာပုံမပေါ်သေး။ထို့ကြောင့် သူ ဤမျှအထိ တည်ငြိမ်မှုရှိနေသေးတာဖြစ်သည်။

စံ့အပြောကြောင့် သူကလည်း ဆက်လျှောက်နေရင်းမှ လှည့်ကြည့်၍ ပြော‌လာ၏။

"သိတယ်.. ခင်ဗျားနဲ့စကားပြောချင်သေးလို့ တမင်ခေါ်လာတာ။"

".............."

စံ စကားတစ်ခွန်းမျှ ထပ်မပြောမိတော့ဘဲ သူခေါ်ဆောင်ရာနောက်ကိုသာ လိုက်လာခဲ့တော့သည်။သူလည်း စကားတစ်ခွန်းမျှ
ထပ်မပြောတော့ဘဲ ကားရှိသည့်နေရာဆီသို့သာ ဦးတည်သွားနေ၏။

ကားထဲသို့ရောက်သည်နှင့် သူသည် စံ့ကို အချိန်အတော်ကြာ ကြည့်နေသေး၏။ပြီးကာမှ စကားတစ်ခွန်း စပြောသည်။

"ခင်ဗျားမှာ ကျွန်တော့်ကိုပြောဖို့ ဘာစကားမှမရှိဘူးလား။"

Professional Actor [Completed]Where stories live. Discover now