Part-30 (Unicode)

21.8K 1.7K 104
                                    

"အဆင်ပြေရဲ့လား ဂုဏ်။ကြည့်လိုက်ပါအုံး။"

Stylist ဖြစ်သူ၏အမေးကြောင့် ဂုဏ်က မှန်ထဲကိုတစ်ချက်ကြည့်ကာ ခေါင်းညိတ်ပြလိုက်၏။စကားတစ်ခွန်းမျှ မပြောသလို
မျက်နှာကလည်းတည်ထားတာကြောင့် မိုမိုကလည်း ဘာမှထပ်မမေးတော့ပေ။ထို့နောက် လိုအပ်သည်ထင်ရသည့် နေရာတို့ကို
အနည်းငယ်ပြင်ဆင်ပေးလိုက်သေးကာ ပြီးကာမှ အဆုံးသတ်လိုက်သည်။

တစ်ပတ်တိတိ ပျောက်သွားတာဖြစ်သည့် ဂုဏ်က ယနေ့တွင်တော့ ရိုက်ကူးရေး ပြန်ဝင်တာဖြစ်သည်။သို့သော် လုံးလုံးလျားလျား စိတ်ကြည်လင်မှု ရှိပုံတော့မရပေ။

တာဝန်ပြီးဆုံးသွားသည့် မိုမိုက တခြားအလုပ်များလုပ်ရန်အတွက် အခန်းထဲမှထွက်သွားပြီဖြစ်သည်။အခန်းထဲတွင် ဂုဏ်နှင့် သတိုးသာရှိနေတာဖြစ်ပြီး သူ့မင်းသားဖြစ်သူ၏အခြေအနေကို သတိုးက အကဲခတ်နေ၏။

"ဂုဏ် ရိုက်ဖို့အဆင်ပြေပါ့မလား။"

သတိုးက စိတ်ပူသလို မေးလိုက်၏။ထိုအခါ ဂုဏ်က ချက်ချင်းပြန်ဖြေသည်။

"ပြေတယ်"

သတိုးက နောက်ထပ်အနေနှင့် ဘာကိုမှထပ်မပြောတော့ဘဲ
ငြိမ်လိုက်တော့၏။

ခေတ္တကြာလျှင် သိသိသာသာကြားရသည့် အသံတစ်သံက ထိုအနားတစ်ဝိုက်တွင် ပျံ့လွင့်လာ၏။ထိုအသံသည် shooting
manager ၏အသံဖြစ်ပြီး ရိုက်ကူးရေးစတင်တော့မည်ဖြစ်ကြောင်း အသိပေးခြင်းဖြစ်သည်။

"သွားရအောင် ဂုဏ်။ခေါ်နေပြီ။"

သတိုး၏အပြောကြောင့် ဂုဏ်ကလည်း ထိုင်ရာမှထလိုက်ပြီး
နှစ်ယောက်အတူ ထွက်သွားကြတော့၏။

ဂုဏ့်ကိုမြင်လိုက်သည်နှင့် ဒါရိုက်တာက တစ်ချက်ပြုံးပြကာ လိုအပ်သည်တို့ကို တစ်ခါတည်းမှာကြားလိုက်သေး၏။

"3! 2! 1! action!..."

ဒါရိုက်တာ၏ ညွှန်ကြားချက်တွေအတိုင်း ရိုက်ကူးရေးသည် စတင်တော့သည်။ရုပ်ရှင်၏ရိုက်ကူးရေးသည်လည်း ပြီးဆုံးတော့မှာမို့ အားလုံးကလည်း ပို၍တက်ကြွနေ၏။ဂုဏ်သာ ကြားထဲ
အနားမယူခဲ့လျှင် ရိုက်ကူးရေးပြီးဆုံးမည့်ရက်မှာ ပို၍စောမှာဖြစ်သည်။

Professional Actor [Completed]Where stories live. Discover now