မနေ့က ဝေယံ တင်ပြလာသည့် အကြောင်းအရာတစ်ခုကြောင့် စံသည် ယနေ့နံနက်ထိတိုင် တစ်ခုခုကိုအလိုမကျဖြစ်နေမိဆဲ။
ထို့ကြောင့် စိတ်ကလည်း မကြည်လင်တာကြောင့် နံနက်စာပင် မစားခဲ့ရပေ။အဲဒီ့မင်းသားက စံတို့ရဲ့ကမ်းလှမ်းချက်ကို ချက်ချင်းငြင်းလိုက်သတဲ့လေ။
စံသည်လည်း မကျေနပ်မိတာတော့ အမှန်ပင်။ထိပ်တန်း လို
production မျိုးအား ထိုသူသည် ငြင်းဆန်ရဲလေခြင်း။စိတ်ရှုပ်နေပုံရသည့် စံက ဆိုဖာ၏နောက်ကျောကို မှီချလိုက်ရင်း
အကြံဉာဏ်များကို ထုတ်နေလေသည်။ထိုစဉ်..."ကိုစံ သူရှိတဲ့နေရာကိုသိရပါပြီ။"
ဝေယံသည် စံ၏ရုံးခန်းထဲသို့ အပြေးအလွှားဝင်လာရင်း ထိုစကားကိုပြောလိုက်၏။ထိုအခါ စံကလည်း ကိုယ်ကို ဆတ်ခနဲ
မတ်လာကာ ဝေယံ့အား သေချာကြည့်ရင်း..."ဘယ်မှာလဲ သူက"
"ကြော်ငြာတစ်ခုအတွက် outdoor ရိုက်နေတာပါ။"
"အဲ့နေရာကို အခုသွားမယ်။"
စံသည် ပေါ့ပါးသွက်လက်စွာပင် ရှေ့မှလျင်မြန်စွာ ထွက်ခွာသွား
တော့၏။ယခုအခြေအနေသည် မလောလို့လည်း မရတော့ပေ။
မဟုတ်လျှင် မလိုအပ်တာတွေ ဖြစ်လာနိုင်သည် မဟုတ်လား။စံက shirt လက်ရှည် အပြာနုရောင်နှင့် crop pants
အဖြူကို တွဲဝတ်ထားတာဖြစ်ပြီး accessory တချို့ကိုလည်း
ဝတ်ဆင်ထားသေးသည်။ကြည်လင်နေသည့် အသားအရည်
သည် အပြာနုရောင် shirt ၏ ပံ့ပိုးမှုကြောင့်ထင်သည်။စံ၏ ပုံစံလေးမှာ ပို၍ပင် တောက်ပနေတော့သည်။"ကျစ်... ကားတွေကလည်း ပိတ်လိုက်တာ။"
တစ်စီတစ်တန်းကြီးရှိနေသည့် ရှေ့မှ ကားများကိုကြည့်ရင်း စံက
ပြောလိုက်လျှင် ဝေယံသည်လည်း စိတ်မရှည်သည့်ပုံ ဖြစ်နေ၏။"ရောက်ဖို့ တော်တော်လိုသေးလား ဝေယံ။"
အလျင်လိုမှု ရောယှက်နေသည့် အသံဖြင့် စံသည် ထပ်မေးမိ၏။
"ဟုတ် နည်းနည်းတော့ဝေးအုံးမယ် ကိုစံ။"
"........."
YOU ARE READING
Professional Actor [Completed]
Romance[Own Characters & Own Creation] [BL Story] [Drama & Romance] [1.5.2023] ➡️ [1.12.2023] Credit to owner for the cover photo.