"မသီရိ မင်းသားအကြောင်း ဘာကြားမိသေးလဲဟင်။"
မနက်ပိုင်းရိုက်ရမည့် ပထမဆုံး scene အတွက် ပြင်ဆင်ခြယ်
သနေချိန်တွင် ကလျာနွယ်က stylist သီရိကို မေးလိုက်တာဖြစ်၏။ကလျာနွယ်၏ပုံစံသည် ထိုသတင်းကို အလွန်အမင်း သိချင်နေသည့်အသွင်။သူမ၏အမေးကို သီရိကလည်း ပြင်ဆင်ပေးနေရင်းမှ ပြန်ဖြေ၏။"ခြေထောက်က သက်သာလာပြီတဲ့။နောက်အပတ်ကျရင်တော့ ရိုက်ကွင်းကို ပြန်လာမယ်လို့ကြားတာပဲ။"
"မင်းသားဖြစ်သွားတဲ့ကိစ္စကို မသီရိရော ဘယ်လိုထင်လဲ။"
"အစ်မကတော့ မတော်တဆလို့ပဲထင်ပါတယ် ကလျာရဲ့။
အရင်ကလဲ ဒါမျိုးက တစ်ခါမှမဖြစ်ဖူးဘူးလေ။အားလုံးက
လန့်သွားကြတာတော့ အမှန်ပဲ။""............"
"ကလျာက ဘယ်လိုထင်နေလို့တုန်း..။အစ်မကို မေးတယ်ဆို
တော့။""အင်း... ကလျာ့စိတ်ထဲတော့လေ မင်းသားဖြစ်သွားတဲ့ကိစ္စက
သိပ်မရိုးရှင်းဘူးလားလို့။""............"
"ဘာလို့လဲဆိုတော့ မသီရိပဲ စဉ်းစားကြည့်လေ။ရိုက်ကူးရေးမှာ
သုံးရမယ့်ကားကို ဘယ်သူကမှ မစစ်ဆေးဘဲမနေပါဘူး။
သေချာပေါက်ကို စစ်ဆေးခဲ့မှာလေ။နော်... မဟုတ်ဘူးလား
မသီရိ။"သီရိက ခေါင်းညိတ်ပြသည်။ထိုအခါ ကလျာနွယ်က ဆက်ပြော၏။
"ကလျာတော့ ဘယ်လိုပဲတွေးကြည့်ကြည့် မတော်တဆ မဟုတ်
ဘူးလို့ပဲမြင်မိတယ်။""ကလျာပြောတော့လဲ ဟုတ်သားနော်။အစ်မက အဲ့လိုတောင်
မတွေးမိဘူး။""ကလျာလဲ အစကမတွေးမိပါဘူး။ဒါပေမဲ့ တစ်မျိုးကြီး
ဖြစ်နေလို့ စဉ်းစားမိသွားတာ။""ကဲပါ... အဲ့ဒါကို ခဏထားအုံး။ရိုက်ကူးရေးက စတော့မှာ။
သွက်သွက်လေး ပြင်ကြစို့။"ကလျာနွယ်က ပြုံးလျက်ခေါင်းညိတ်ပြကာ မည်သည်ကိုမှထပ်
မဆိုတော့ပေ။သီရိကလည်း လုပ်စရာရှိသည့်အလုပ်ကိုသာ ဖိ
လုပ်တော့သည်။ကလျာနွယ်ကတော့ ငြိမ်နေသော်လည်း တစ်ခု
ခုကို တွေးနေပုံရ၏။::::::::::::::::
"ဟယ်! အဲ့သတင်းက အမှန်ပဲလား။"
ထုံးစံအတိုင်း ရိုက်ကူးရေးအတွက်ပြင်ဆင်နေရင်းမှ မာမီချို၏
ကလေးများသည် ရောက်တတ်ရာရာ ပြောနေကြခြင်းဖြစ်သည်။
သူတို့ပြောနေကြသည်မှာ စံနှင့်ဂုဏ်တို့၏ အကြောင်းပင်ဖြစ်၏။
ဂုဏ်၏တောင်းဆိုချက်အရ စံက ကိုယ်တိုင်သွားပြုစုပေးနေရ
သည့်သတင်းကို အပြန်အလှန် ဖောက်သည်ချနေကြတာပင်။

YOU ARE READING
Professional Actor [Completed]
Romance[Own Characters & Own Creation] [BL Story] [Drama & Romance] [1.5.2023] ➡️ [1.12.2023] Credit to owner for the cover photo.