အပိုင်း-1

546 12 0
                                    


...
...
...

(unicode )

"မိုက် ငါနဲ့သက်ဆိုင်တဲ့အရာလေးကို ခနလောက် သွားလေ့လာကြည့်ကြရင် မကောင်းဘူးလား "

"ဟုတ်ကဲ့..Boss..."

မိုက်ဖွင့်ပေးလာသည့် ကားတံခါးမှ တစ်ဆင့်သူကားထဲသို့ ဝင်ထိုင်လိုက်သည်။ကားစထွက်လိုက်သည်နှင့် နောက်မှီခုံပေါ်သို့ ခေါင်းကို မှီချလိုက်ပြီး မျက်လုံးလေး မှိတ်ချထားရင်း သူလိုက်ပါလာလေခဲ့တော့သည်။

"Boss..."

Bossဆို...သည့် မိုက်၏ ခေါ်သံကြောင့် သူမျက်လုံးလေးကို ဖွင့်ကြည့်လိုက်တော့ မိုက်ပင် ကားတံခါးကို အဆင်သင့်ဖွင့်ပေးထားနေပြီ ဖြစ်သည်မို့ သူကားပေါ်မှ ဆင်းလိုက်ပြီး သူ့ ရှေ့တည့်တည့်ရှိ အဆောက်အဦးကြီးကိုသာ တစ်ချက် မော့ကြည့်လိုက်မိသည်။

"အဟွင်း..."

သူတစ်ချက်မျှ ပြုံးလိုက်ရင်း ထိုအဆောက်အဦးတွင်းသို့ ဝင်လာခဲ့လိုက်သည်။ သူထိုအဆောက်အဦးတွင်းရှိ နေရာအနှံ့တို့ကို လျှောက်ပတ်ကြည့်နေရင်းမှ ထောင့်ချိုးကွေ့လေး တစ်နေရာအရောက်တွင်တော့ လူတစ်ယောက်မှ သူ့အား မမြင်ပဲ ဝင်တိုက်လာလေခဲ့တော့သည်။

"မင်း....."

"တောင်းပန်ပါတယ်ဗျာ..တစ်ကယ်ကို..အနူးအညွတ်တောင်းပန်ပါတယ်ဗျာ.."

သူ့အားတစ်ချက်ပင်မော့ကြည့်မလာပါပဲ..အသံတုန်တုန်လေးဖြင့်သာခေါင်းကို..တွင်တွင်ငုံ့၍တောင်းပန်နေသည့်ထိုလူအားသူခေါင်းစခြေဆုံးကြည့်မိလိုက်တော့...ခွဲခန်းဝတ်စုံကိုပင်..မချွတ်ရသေးသည်ကြောင့်..ဆရာဝန်တစ်ယောက်ဖြစ်မည်ဟုသူခန့်မှန်းကြည့်လိုက်မိသည်။သူ့အားတောင်းပန်ပြီးသည်နှင့်ပြေးထွက်သွားသည့်ကျောပြင်လေးအားကြည့်ရင်းသူ့ရင်တွင်းမှအမျိုးအမည်မသိသည့်ခံစားမှု့‌လေးတစ်ခု
ဖြစ်ပေါ်လာခဲ့ရသည်မို့..သူ..အကြောင်းရင်းမရှိပါပဲထိုလူနောက်သို့လိုက်သွားဖြစ်ခဲ့သည်။မပြေးရုံတစ်မယ်သာရှိသည့်..ခြေလမ်းကျဲကြီးများဖြင့်လျှောက်သွားနေသည့်ထိုကျောပြင်လေးကိုကြည့်ရင်း...

ဘာလို့ဝတ်စုံတောင်..မချွတ်နိုင်ရတဲ့ထိ..အလောတကြီးဖြစ်နေရတာလဲ...ကောင်လေး...

မောင့်ရှင်သန်ရာ..(S-2)Where stories live. Discover now