...
...
...
(unicode)
"အား!!!...."
အခန်းတွင်း...သူပတ်ပြီးလျှောက်နေခဲ့တာ..အချိန်ကတစ်နာရီနီးပါးတောင်..မကတော့ဘူး....သူကုတင်ပေါ်တက်ထိုင်လိုက်ပြန်၏...နောက်...အလိုမကျ...မဟုတ်သေးပြန်လို့..အောက်ကိုထပ်ဆင်းလိုက်ပြန်၏...နောက်..လမ်းကို..မရပ်မနားထပ်လျှောက်နေလိုက်ပြန်သည်...
"အား!!!...."
ဒုတိယအကြိမ်ထပ်အော်လိုက်မိပြန်သည်...ရင်ထဲက...ရေလှိုင်းက...ပေတော်တော်ကိုမြင့်နေရပြီ.....သူ့နှလုံးသားကို..ရိုက်ချပြီး...ဟိုးအနက်ရှိုင်းဆုံးနေရာထိကိုဆွဲနစ်ချလိုက်ဖို့ကို.လုံလောက်တဲ့ထိ..သူ့ပူလောင်မှု့လှိုင်းတံပိုးက..ကြီးမားနေလေရပြီ....ဆံပင်ထဲလက်ထိုးထည့်ကာကြမ်းပြင်ပေါ်ဖင်ထိုင်ချလိုက်ပြီး..ကုတင်ခြေရင်းကိုကျောမှီလိုက်သည်....ဒူးနှစ်ဖက်ကိုခပ်လျောလျောထောင်ထားပြီး...တံတောင်ကိုထောက်တင်လိုက်သည်....လက်ကြားထဲကဆံပင်တွေကိုပါ....တင်းနေအောင်ဆွဲဆုပ်လိုက်မိသည်.....ခေါင်းကိုငိုက်ချလိုက်ပြီး.....
"အား!!!....."
"အား!!!..."
"အား!!!...."
သုံးကြိမ်လောက်ကိုနားနားပြီး..အော်နေလိုက်မိသည်....
ကိုကြီးနဲ့..ကိုမှိုင်းတို့နှစ်ယောက်ရဲ့..ပတ်သတ်မှု့က..တော်ရုံတန်ရုံတော့..မဖြစ်နိုင်လောက်ဘူးလို့..သူတွေးတော့တွေးမိလိုက်သည်....ဘာကြောင့်လဲ....ဘယ်လို..ပတ်သတ်မှု့တွေရှိနေကြတာလဲဆိုတဲ့..အဖြေတိတိကျကျကိုသိရဖို့ဆို..သူ....ကိုနွယ်နောင်းကိုမေးကြည့်လိုက်လို့ရပေမဲ့...မမေးရဲခဲ့..ဘာကြောင့်ဆို...သူပြန်ကြားလိုက်ရမဲ့အဖြေက..သူမလိုချင်မိတဲ့အဖြေမျိုးဖြစ်လာမှာကို..သူကြောက်နေရသလို....နားထောင်နိုင်စွမ်းလဲရှိမယ်မထင်....မနက်ဖြန်ဆိုရင်..ကိုကြီးတို့လေးယောက်လုံးက..ရန်ကုန်ကိုပြန်ကြတော့မှာ....ကိုမင်းကသူ့ကိုပါတစ်ခါတည်းပြန်လိုက်ခဲ့ဖို့ခေါ်ပေမဲ့...သူက...နောက်မှလို့ပြောလိုက်လို့..ကိုမင်းတို့လေးယောက်သာပြန်ကြမှာ....တစ်မနက်လုံးယောက်ယက်ခတ်နေရတဲ့အတွေက..ခုညနေရောက်လာသည့်တိုင်အောင်ကိုမတည်ငြိမ်နိုင်သေး..........တွေးမိလေ..စိတ်တွေကပို..မတည်ငြိမ်လေဖြစ်လာရလို့...သူ့မှာအသက်ရှုတောင်..မဝချင်လာတော့...
YOU ARE READING
မောင့်ရှင်သန်ရာ..(S-2)
Fanfictionဤဇာတ်လမ်းပါအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူးသပ်သပ်သာဖြစ်သည်မို့ပြင်ပလောကနှင့်များစွာကွဲလွဲနိုင်ပါကြောင်းအသိပေးအပ်ပါသည်။ပထမဆုံးအရေးအသားမို့လိုအပ်ချက်များစွာရှိနေသည်ကိုတော့နားလည်ပေးစေလိုပါသည်။ဇာတ်လမ်းဇာတ်ကွက်တို့တွင်လဲဟာကွက်များစွာရှိနေနိုင်သလိုအရေးအသ...