အပိုင်း- 39

55 1 0
                                    

...

...

...

(unicode )

ဆိုဖာခုံပေါ်တွင်လူနှစ်ယောက်မျက်နှာချင်းဆိုင်ထိုင်ပြီးတစ်ယောက်နဲ့တစ်ယောက်ကြည့်နေကြတာဟာနာရီဝက်ပင်မကတော့....ခေါင်းငုံ့လို့နေသည့်ကောင်လေးဟာ...လက်နှစ်ဖက်ကိုကျစ်နေအောင်ဆုတ်ထားပြီး..တစ်ချက်တစ်ချက်ရှေ့မျက်နှာချင်းဆိုင်ခုံပေါ်ကလူကိုလှမ်းလှမ်းလို့ကြည့်နေသည်...ထိုကောင်လေးလှမ်းလှမ်းလို့ကြည့်နေတဲ့တစ်ဖက်ခုံပေါ်ကလူကတော့....မျက်နှာကြီးကိုပြေလျော့ထားတယ်လို့ထင်ရပေမဲ့တစ်ကယ်တန်းသေချာကြည့်လိုက်မယ်ဆိုရင်တော့တည်တင်းလို့နေသည်...".ကျစ်..."ဆိုတဲ့လေသံနဲ့အတူထိုလူဟာပုံပြောင်းလို့ထိုင်လိုက်ပြီးခေါင်းငုံ့လို့နေတဲ့ရှေ့ကကောင်လေးကိုစိတ်မရှည်တော့သလိုမျိုးကြည့်လိုက်သည်....

နားမထောင်ချင်ပါဘူးလို့ပြောတုန်းက...ရှင်းပြတာကို...ခနလောက်လေးပဲနားထောင်ပေးပါလို့...တစ်တွက်တွက်ပြောနေခဲ့တာကဘယ်သူလဲ...ကဲ.ခု.ငါနားထောင်ပေးမယ်..ရှင်းပြပါတော့...ဆိုတော့..အသံကထွက်မလာတော့ဘူး...ဆွဲလို့ဆန့်ထားရတဲ့..သူ့စိတ်တွေဟာလဲဒီထက်လဲပိုလို့ရှည်မလာကြတော့.......

"ပြောတော့လေ...အသွားရပြီလား...စောစောကငါ့အခန်းရှေ့မှာ...သိကြားမင်းဖင်ထိမတတ်ဖြစ်နေရတဲ့သတ္တိတွေက..ဘယ်ရောက်သွားပြီလဲ...အဝီစိကိုဇောက်ထိုးဆင်းသွားကြတာလား...."

"သားရိုင်း...."

သူ့နဘေးကဖေဖေလေးဟာခေါင်းရမ်းလို့ပြလာသည်...ထို့ကြောင့်သူ့စိတ်ကိုနဲနဲလောက်ပြန်ရှည်ပေးလိုက်သည်...

"မိုးထိ...ငါရှည်ရှည်ဝေးဝေးသိပ်မပြောချင်ဘူး...ဒါကြောင့်..မင်းမရှင်းပြခင်...ငါအရင်တစ်ခုပြောမယ်....အဲ့ဒီခွေးသူတောင်းစားကောင်နဲ့လမ်းခွဲလိုက်....ငါလုံးဝကိုသဘောမတူဘူး...."

"ဗျာ...."

မိုးထိသူတစ်ကယ်ကိုစိတ်ညစ်လို့သွားရသည်......ဘားတစ်ခုမှတောင်ရှင်းမပြရသေးဘူး...လမ်းခွဲလိုက်ဖို့ကိုအရင်ဦးအောင်ပြောနေပြီ...အားကိုးစရာဆိုလို့ကျန်တော့တဲ့...ဖေဖေလေးကိုသာမျက်နှာငယ်လေးဖြင့်လှည့်လို့ကြည့်လိုက်မိသည်....

မောင့်ရှင်သန်ရာ..(S-2)Where stories live. Discover now