...
...
...
(unicode )
သူမရှိတဲ့လေးလကျော်က...ကိစ္စတွေအများကြီးကိုဖြစ်ပွားသွားစေခဲ့သည်.....မိုက်ပြောပြချက်အရဆို...တစ်ချို့သောရှယ်ရာရှင်များက...ရှယ်ရာရှင်အစည်းအဝေးပွဲကိုအခေါက်တိုင်းသူမတက်ရောက်တော့....ထင်ကြေးအမျိုးမျိုးပေးပြီး....ပွဲဆူလိုက်ကြတဲ့ပုံပဲ....မိုက်ကတော့..သူဥရောပဘက်ကိုခရီးလွန်နေကြောင်းပြောပြီးဖြေရှင်းပေးထားတယ်တဲ့လေ...နောက်တစ်ခုခံသာသွားတာက...သူမွေးထားတဲ့..လူယုံရှေ့နေရဲ့ထက်မြက်မှု့ကလဲ..တော်ရုံမှမဟုတ်ပဲ......မြစ်ကြီးနားက..သူ့တရားမဝင်..လုပ်ငန်းကို..မိုက်ကရပ်မပစ်ပဲဆက်လုပ်တယ်......သူမရှိတဲ့လေးလကျော်မှာ...အရင်ကထက်ကိုတောင်...ပိုကျယ်ပြန့်လာသေးတာ....သူထင်မထားတဲ့အတိုင်းအတာတစ်ခုထိကိုတောင်...ကျယ်ပြန့်သွားရတာ....ခုလဲမိုက်က..သူ့ကို..စာရင်းတွေပြ...လုပ်ငန်းပိုင်းတွေရဲ့အမြတ်အစွန်းတွေပါမကျန်...တစ်ခုခြင်းဆီကိုအသေးစိပ်သေချာရှင်းပြပြီး...ပြန်တင်ပြနေတာ...ရှေ့နေနဲ့ပေါင်းပြီးဒီကလုပ်ငန်းတွေကိုလဲ...ကောင်းကောင်းကြီး..ထိန်းထားနိုင်တဲ့ထိကို...မိုက်ကတော်လွန်းနေပါလား....ဒီကြားထဲ..သူ့ကလေးလေးက..သူ့အိမ်ရှေ့မှာ..ညတိုင်းလာလာကြည့်နေတတ်တဲ့အကြောင်း........နေ့ရက်တိုင်းကို...အသက်မဲ့နေတဲ့လူတစ်ယောက်လိုသာဖြတ်သန်းနေတဲ့အကြောင်း....စက်ရိုင်းအိမ်ကလွဲဘယ်ကိုမှ..မသွားတဲ့အကြောင်းတွေကိုပါ...မနားတမ်းပြောပြနေသေးတာ....သူကတော့ငြိမ်ပြီးတော့တာ..နားထောင်နေလိုက်တယ်....မိုက်ကတော့...သူ့ကိုဝင်ဝင်ပြောပြီးတော့ထောက်စေချင်တဲ့ပုံပဲ...ဒါကို...သူသိပေမဲ့မသိသလိုသာ..ငြိမ်ပြီးနေနေလိုက်တယ်......
နောက်ဆုံးမိုက်ထသွားတော့မှ....သူသက်ပြင်းချလိုက်မိသည်....သူဆိုဖာခုံပေါ်ကိုသာကျောမှီချလိုက်သည်.....နားထင်ကိုလက်တစ်ဖက်ထဲနဲ့ခွထောက်လိုက်ပြီး...မျက်လုံးများကိုမှိတ်ထားလိုက်မိသည်.....သူ့နောက်ကနံရံပေါ်က...တိုင်ကပ်နာရီလက်တံ...တစ်ချက်ချက်နဲ့ရွေ့နေသံကို..သူအတိုင်းတားကြားနေရတဲ့ထိကို...သူ့ဘေးပတ်ပတ်လည်ကတိတ်ဆိတ်လွန်းအားကြီးနေခဲ့သည်......"ဟင်း"..လို့သက်ပြင်းတစ်ချက်ကိုထပ်ချလိုက်မိသည်.....နောက်...မျက်လုံးပြန်ဖွင့်လိုက်ပြီး...သူ့မျက်နှာပေါ်က....ကွန်ကရစ်အခင်းနဲ့...သူ့ကြားကအကွာအဝေးကိုတိုင်းတာကြည့်နေမိလိုက်သည်..........နှစ်ပိုင်းခွဲကြည့်လိုက်တော့....တစ်ပိုင်းကသူနဲ့နီးနေခဲ့ပြီးနောက်တစ်ပိုင်းက..သူနဲ့ဝေးနေခဲ့ရသည်.....ဒါဆို..အားလုံးသော..နီးလာဖို့ဆို..သူအပိုင်းကို..ဘယ်နှစ်ပိုင်း..ခွဲလိုက်သင့်တာလဲ...လက်နဲ့...ထိတွေ့ကြည့်လိုက်တော့...ဖမ်းဆုပ်မိတာက...လေဟာနယ်တစ်ခုသာ....ဒါဆိုဒီအရာတွေက..တည်ရှိမနေဘူးပေါ့....ဒါဆိုသူခွဲထားတဲ့..အပိုင်းတွေကဘယ်မှာလဲ.....ဒီလိုနဲ့...နောက်တစ်ကြိမ်သက်ပြင်းထပ်ချလိုက်မိပြန်သည်......သူပြန်မှတ်ထိုင်လိုက်သည်.....အကြောင်းရင်းမရှိပါပဲ...ရှေ့က..Laptap..ကိုသာစိုက်ကြည့်နေလိုက်မိတော့သည်..ဒီလိုနဲ့...သူ့နေ့ရက်တိုင်းက...ခု့လိုသက်ပြင်းချခြင်းမျိုးတွေအပြင်ကို...အဓိပ္ပာယ်မရှိတဲ့..အတွေးမျိုးတွေသာတွေးရင်း.....ဖြတ်သန်း..ကုန်ဆုံးသွားနေရတော့သည်...
YOU ARE READING
မောင့်ရှင်သန်ရာ..(S-2)
Fanficဤဇာတ်လမ်းပါအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူးသပ်သပ်သာဖြစ်သည်မို့ပြင်ပလောကနှင့်များစွာကွဲလွဲနိုင်ပါကြောင်းအသိပေးအပ်ပါသည်။ပထမဆုံးအရေးအသားမို့လိုအပ်ချက်များစွာရှိနေသည်ကိုတော့နားလည်ပေးစေလိုပါသည်။ဇာတ်လမ်းဇာတ်ကွက်တို့တွင်လဲဟာကွက်များစွာရှိနေနိုင်သလိုအရေးအသ...