...
...
...
(unicode )
အခန်းတွင်းလှည့်ပတ်ကြည့်နေရင်းမှစားပွဲပေါ်ရှိ..နာမည်နှင့်ရာထူးရေးထိုးထားသောဖန်ပြားတုံးရှည်ရှည်လေးအား..သူ့..လက်ချောင်းလေးတို့ဖြင့်..ပွတ်သပ်ကိုင်ကြည့်နေလိုက်သည်။ပြီးသည်နှင့်စားပွဲဘေးရှိထောင်ထားသည့်အရိုးစုအရုပ်ကြီးထံသူ့အကြည့်ရောက်သွားရတာကြောင့်....
"အင်း..ဦးခေါင်းကိုပဲ..အရင်ပစ်ပေးလိုက်ရမလား..ဒါမှမဟုတ်..နှလုံးတည့်တည့်ကို.အရင်လား...."
အရုပ်ရှေ့တည့်တည့်ရပ်လိုက်ရင်းသူ့လက်ချောင်းတို့ကိုသေနပ်တစ်လက်ပုံစံဖန်တီးယူလိုက်ပြီးထိုအရုပ်ကိုချိန်ရွယ်ကာတစ်ယောက်တည်းမေးခွန်းထုတ်နေလိုက်သည်။
အင်း....ပထမတစ်ခါ..စက်ရိုင်းနဲ့ကစားတုန်းကလောက်.ဒီတစ်ခေါက်ကစားပွဲကကော..ပျော်စရာကောင်းပါ့မလား.....
"မင်း!!..ဘယ်သူလဲ!!1..ဘာကြောင့်ငါ့ခွင့်ပြုချက်မရပါပဲ!!!..ဒီအခန်းထဲကိုရောက်နေရတာလဲ!!!..မင်းကို..ဘယ်သူကမှမပြောပြလိုက်ဘူးလား!!..ဒါကဒုဆေးရုံအုပ်ကြီးရုံးခန်းဆိုတာကို...ဒုဆေးရုံအုပ်ကြီး..ဖြစ်တဲ့..ငါ့ခွင့်ပြုချက်မရရင်!...ဘယ်လိုလူကမှ.ဝင်ခွင့်မရှိဘူးဆိုတာကို!!..."
သူ့နောက်ပါးမှနေ၍..ထွက်ပေါ်လာခဲ့ရသည့်..အော်ဟစ်ပြောဆိုသံကြီးကြောင့်..ခေါင်းကိုသာ.နောက်ပြန်လှည့်ကြည့်လိုက်မိတော့...တံခါးဝတွင်...တံခါးလက်ကိုင်ကိုကိုင်ထားရင်း.သူ့အားစူးစူးဝါးဝါးစိုက်ကြည့်ကာရပ်နေသည့်လူတစ်ယောက်ကြောင့်.....
"အဟွင်း!....."
.သေနပ်ပုံစံလက်လေးကိုသူ့ရှေ့ရှိအရုပ်မှတစ်ဆင့်ထိုလူဘက်သို့လှည့်ကာပြောင်းချိန်လိုက်သည်ပြီး....
"အဟွန့်!...ဒီဆေးရုံရဲ့..ရှယ်ရာတစ်ဝက်တိတိကိုပိုင်ဆိုင်ထားတဲ့..လူလိုကတောင်မှပဲလား..."
ဟု...
သေနပ်ပုံစံလုပ်ထားရာ၌...ပူးကပ်ထားသည့်လက်ညှိုးနှင့်လက်ခလယ်လေး
ချောင်းနှစ်ကို..တစ်ဖက်လူနှဖူးအလယ်တည့်တည့်သို့...ကျဉ်ပစ်လွှတ်လိုက်ဟန်လုပ်ရင်းမေးလိုက်တော့...
YOU ARE READING
မောင့်ရှင်သန်ရာ..(S-2)
Fanfictionဤဇာတ်လမ်းပါအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူးသပ်သပ်သာဖြစ်သည်မို့ပြင်ပလောကနှင့်များစွာကွဲလွဲနိုင်ပါကြောင်းအသိပေးအပ်ပါသည်။ပထမဆုံးအရေးအသားမို့လိုအပ်ချက်များစွာရှိနေသည်ကိုတော့နားလည်ပေးစေလိုပါသည်။ဇာတ်လမ်းဇာတ်ကွက်တို့တွင်လဲဟာကွက်များစွာရှိနေနိုင်သလိုအရေးအသ...