အပိုင်း- 30

72 3 0
                                    



...

...

...

(unicode )

"ကိုကြီး..."

"အင်း..."

အကိုမှိုင်းက....အရေးကြီးခွဲခန်းဝင်နေရလို့နောက်ကျမယ်ဟုကြိုဖုန်းဆက်ထားတာကြောင့်...သူနဲ့ကိုကြီး...ညနေစာကိုမစားထားနှင့်ပါပဲအကိုမှိုင်းအလာကိုတာစောင့်နေကြ၏......ဒါကြောင့်ဒီနေ့သင်တန်းအပြန်ကိုတောင်...ကိုမိုးကလာကြိုပေးခြင်းဖြစ်၏....သူရေချိုးပြီး....ဧည့်ခန်းရှိရာဆီကိုလျှောက်လာခဲ့ပြီး...စာဖတ်နေသည့်ကိုကြီးနဲ့မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်ရင်းသူခေါ်လိုက်တော့....ကိုကြီးကသူ့ကိုမကြည့်ပါပဲပြန်ထူးလာခဲ့၏...

"မနက်ဖြန်...ကျွန်တော့ကို..ကုန်တိုက်လိုက်ပို့ပေးပါလားဟင်...."

ကိုကြီးကဖတ်လက်စကိုပေါင်ပေါ်ချလိုက်ပြီးသူ့ကိုကြည့်ကာပြန်မေးလာခဲ့တော့၏...

"လှိုင်းရေစင်က...အဲ့ဒီလိုနေရာမျိုးတွေကို.တဒင်္ဂမှိုင်းနဲ့သွားနေကျမဟုတ်ဘူးလား..."

စေ့စေ့ကြည့်ပြီးမေးလာသည့်ကိုကြီးကြောင့်သူခေါင်းကိုငုံ့ချလိုက်ပြီးလက်နှစ်ဖက်ကိုနယ်ချေလိုက်မိသည်...

"ပုံမှန်ဆို...ဟုတ်တယ်...ဒါပေမဲ့..ကျွန်တော်...မနက်ကသင်တန်းသွားရင်း....အကိုမှိုင်းကိုပြောကြည့်တော့...မနက်ဖြန်...ဆေးရုံမှာအရေးကြီးခွဲစိပ်မှု့ရှိလို့မအားဘူးတဲ့လေ...အဲ့ဒါကြောင့်...ကျွန်တော်ကကိုကြီးကို....မေးကြည့်မိတာပါ...တစ်ကယ်လို့..ကိုကြီးမအားဘူးဆိုရင်လဲ...."

သူ့စကားကိုရပ်လိုက်ပြီးကိုကြီးကိုမော့ကြည့်လိုက်တော့...စူးရဲသည့်အကြည့်ကြောင့်သူခေါင်းကိုပြန်ငုံ့ချလိုက်သည်....ကိုကြီးကပေါင်ပေါ်ကစာအုပ်ကိုပြန်ကောက်ဖတ်လိုက်ပြီး....

"အရေးကြီးလို့လား....."

"အရေးကြီးတယ်လို့လဲပြောလို့ရသလိုမကြီးပါဘူးလို့လဲပြောလို့ရတယ်......"

ကိုကြီးလက်ထဲကစာအုပ်အဖုံးကိုစိုက်ကြည့်ရင်းသူပြန်ဖြေလိုက်သည်.....Emily...Bronte...ရဲ့...Wuthering...heights....သူလဲကြိုက်မိသည့်စာအုပ်ကောင်းတစ်အုပ်.....ကတ်တရင်း....ကတ်တရင်းဆိုတဲ့မိန်းမလှလေးကိုတစ်ကယ်...အံ့ဩမိသည်..."ကြည့်စမ်း..နယ်လီ...ဟိုမှာ..ဖယောင်းတိုင်လင်းနေတာ..ကျွန်မအခန်းပေါ့...အခန်းရှေ့ကသစ်ပင်တွေတောင်...လေထဲမှာ..ယိမ်းထိုးနေတယ်လေ...ဟော..ဟိုဖယောင်းတိုင်က..ဂျိုးဆက်ရဲ့...ထပ်ခိုးခန်းကဖယောင်းတိုင်ပဲ...ဂျိုးဆက်မအိပ်သေးဘူး...ကျွန်မပြန်အလာကို..တံခါးဖွင့်ပေးရအောင်..စောင့်နေတာဖြစ်မှာပဲ...ဟုတ်တယ်...သူကျွန်မကို..စောင့်နေတာရှိမှာ..လမ်းကလဲကြမ်း...လူကလည်း..ပန်းနေတော့..သွားရမှာ..ပင်ပန်းလိုက်တာ..ဒါပေမဲ့...သွားကြတာပေါ့..ဂျင်မာတန်ရွာက..ဘုရားကျောင်းဝင်းကိုဖြတ်သွားတဲ့ခရီးပေါ့..ဒို့နှစ်ယောက်ပဲဟာ...တစ္ဆေတွေသရဲတွေကိုလည်း..မကြောက်ပါဘူး...ကိုယ်တောင်သွားရဲသေးတာပဲ..ဟီကလစ်ရယ်..မင်းလဲလိုက်ခဲ့ရမှာပေါ့...မင်းသွားရဲရင်..ကိုယ်လဲသွားရဲတယ်..လမ်းပေါ်မှာ...ကိုယ်တစ်ယောက်တည်းတော့..လှဲမနေချင်ဘူး...လူတွေကကိုယ့်ကို..အသေကောင်ထင်ပြီး..မြေမြှပ်ပစ်မှာပေါ့...မင်းနဲ့ဆိုရင်တော့လည်း..နှစ်ယောက်အတူမြေမြှပ်ခံရဲပါရဲ့....မင်းအပါရင်တော့ကိုယ်ဘာမှ..မလုပ်ဘူး...."ကတ်သရင်း...စိတ်မမှန်တုန်းကပြောတဲ့စကားတွေကသူ့ရင်ကိုစို့နစ်စေခဲ့ဖူး၏....အချိန်တော်တော်ကြာသည်ထိကိုလဲထိုစကားလုံးတွေကသူ့အပေါ်ကိုစိုးမိုးခဲ့ဖူး၏....ပြီးတော့ဟီကလစ်....ဟီကလစ်ရဲ့ခံစားချက်တွေကိုလည်းသူကကောင်းကောင်းကြီးခံစားမိခဲ့ပြန်သည်....ဟီကလစ်ကအချစ်ကြီးနေတာလား...အငြိုးကြီးနေတာလားဆိုတာကိုသူအကြိမ်ကြိမ်တွေးကြည့်မိခဲ့ဖူးပေမဲ့ရေရာတဲ့...အဖြေကတော့ထွက်မလာ...တစ်ခါတစ်လေအချစ်ကြီးရင်လဲအမျက်ကကြီးတတ်သတဲ့လေ....ဒီလိုယူဆချက်ကစိတ်ကိုနဲနဲနေလို့ကောင်းသွားစေခဲ့တာတော့အမှန်ပဲ...ဒီစာအုပ်ကသူ့ရင်ထဲကိုတော်တော်စိုးမိုးခဲ့ဖူးသည်..တော်တော်ကြီးလို့ပြောလို့ရလောက်တဲ့အထိကိုစိုးမိုးခဲ့ဖူးတာ.....သူကို...နှစ်ခါပြန်ဖတ်ဖြစ်အောင်လုပ်ခဲ့တဲ့စာအုပ်တစ်အုပ်ဆိုလဲမမှားပေ...ပြန်ဖတ်ဖြစ်တဲ့ဒုတိယအခေါက်မှာလဲအရင်တစ်ခါဖတ်တုန်းကနဲ့မတူတဲ့ခံစားချက်နောက်တစ်မျိုးကိုထပ်ပေးစွမ်းနိုင်ပြန်၏....ဒါကြောင့်လဲ..သူက..အဲ့ဒီစာအုပ်ကို...နောက်တစ်‌ခေါက်....ပြန်ထပ်ဖတ်ဖြစ်ဖို့စိတ်ကူးထားမိ၏.........

မောင့်ရှင်သန်ရာ..(S-2)Where stories live. Discover now