...
...
...
(unicode )
ကျောခိုင်းသွားသည့်ကျောပြင်လှလှလေးသူ့မြင်ကွင်းတွင်းမှ..ပျောက်သွားရတော့မှ.....သူအူလှိုက်သည်းလှိုက်ကို..ရီချလိုက်လေတော့သည်။
"ဟား!!...ဟား!!!...ဟား!!!.....အသွင်သားစံ..အသွင်သားစံ...."
"ဒီဇာတ်လမ်းတစ်ခုလုံးကို..ငါကဖန်တီးရေးသားခဲ့တာပါဆိုတဲ့အမှန်တရားကို..မင်းသိသွားလိုက်ရမယ်ဆိုရင်ဘယ်လောက်တောင်များ..ယူကြုံးမရဖြစ်ပြီး..ရင်နာနေလိုက်မလဲ...ငါကြိုးဆွဲရာကပေးခဲ့ရတဲ့မင်းက...သိပ်ကို..သနားစရာ..ကောင်းလွန်းလှပါလား..ကျွတ်!..ကျွတ်!...သို့သော်ငြားလဲ.မင်းကိုတော့..တစ်ကယ်ကျေးဇူးတင်မိပါတယ်..ငါ့ဇာတ်လမ်းလေး..လှလှပပ..ပုံပေါ်လာနိုင်ဖို့အရေးကို..တစ်ဖက်တစ်လမ်းကနေ..အားထုတ်ကူညီပေးခဲ့လို့...အခွင့်အရေးရလာတဲ့တစ်နေ့ကျရင်တော့..ဒီအတွက်ကို..ကောင်းကောင်းကြီး..ငါကကျေးဇူးပြန်ဆပ်ပေးပါ့မယ်...မင်းကျေးဇူးကြောင့်နဲ့..မင်းတောင်ထင်မထားတဲ့အံ့ဩခြင်းများစွာတို့...နဲ့..ဒီဇာတ်လမ်းလေးက.သိပ်မကြာခင်မှာပဲ.လှပစွာနဲ့..ဇာတ်သိမ်းခန်းလေးကို..ရောက်သွားရတော့မှာပါ....ငါးကြင်းဆီနဲ့..ငါးကြင်းပြန်ကြော်ရတာက..ထင်သလောက်တော့လဲ..မခက်ခဲလှပါဘူး....."
"ဟား!!!..ဟား!!!..ဟား!!!!...."
....................................
လူတစ်ယောက်...မြေအောက်ကားပါကင်တွင်...လေလေးတစ်ချွန်ချွန်..ကားသော့လေးတစ်ရမ်းရမ်းဖြင့်....သူ့ကားရှိရာဆီသို့..စိတ်အေးလက်အေးဖြင့်လျှောက်သွားနေပုံကိုကားထဲမှလှမ်းကြည့်နေသည့်သူရှင်းရှင်းလင်းလင်းကြီးကိုမြင်တွေ့နေရတော့သည်။
"ဟွန့်...."
"ကျွန်တော်ရှင်းလိုက်ရမလား...Boss...."
ကားရှေ့ခန်းရှိမိုက်၏အမေးအား....ကားနောက်ခန်းတွင်ထိုင်နေသည့်သူ..ပြန်ဖြေလိုက်သည်က....
"ငါ့လက်နဲ့သာ.....သူ့နေရာသူသိအောင်.လမ်းညွှန်ပေးလိုက်မယ်...."
"ဟုတ်ကဲ့...Boss..."
ရှေ့ခန်းကားတံခါးကိုဖွင့်ပြီးဆင်းလာသည့်မိုက်မှ...သူ့ရှိရာ..နောက်ခန်းကားတံခါးလေးအားညင်သာစွာဆွဲဖွင့်ပေးလိုက်တော့...အောက်ခြေမျက်နှာပြင်ပေါ်ကိုခြေချလိုက်သည့်သူ......ကျားတစ်ကောင်လို..စူးရဲလှသည့်..အကြည့်ကိုတော့...ခပ်လှမ်းလှမ်းရှိ..ကားတံခါးဆွဲဖွင့်နေသည့်သူထံကိုသာ...ဦးတည်ထားလိုက်သည်။
YOU ARE READING
မောင့်ရှင်သန်ရာ..(S-2)
Fanfictionဤဇာတ်လမ်းပါအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူးသပ်သပ်သာဖြစ်သည်မို့ပြင်ပလောကနှင့်များစွာကွဲလွဲနိုင်ပါကြောင်းအသိပေးအပ်ပါသည်။ပထမဆုံးအရေးအသားမို့လိုအပ်ချက်များစွာရှိနေသည်ကိုတော့နားလည်ပေးစေလိုပါသည်။ဇာတ်လမ်းဇာတ်ကွက်တို့တွင်လဲဟာကွက်များစွာရှိနေနိုင်သလိုအရေးအသ...