...
...
...
(unicode )
သူခန်စီးလိုက်ကာအနားလေးအားအသာဟ၍ပြတင်းပေါက်မှတစ်ဆင့်အပြင်ဘက်သို့ချောင်းချောင်းကြည့်နေမိသည်မှာ..ဘယ်နှစ်ခါရှိနေပြီမှန်းကိုမသိတော့....သူ၏မျက်လုံးတစ်စုံမှာလဲနာရီတကြည့်ကြည့်ဖြစ်နေရသလို..ခန္ဒာကိုယ်ကြီးကပါ..ထိုင်နေရမလို..ထပဲထလိုက်ရတော့မလိုလို....ပုံမှန်လာနေကျအချိန်ထက်နောက်ကျနေတဲ့ထိကိုရောက်မလာသေးတဲ့ကလေးလေးကြောင့်..သူ့မှာဂနာလဲမငြိမ်နိုင်တော့သလို..မကြာခနလှမ်းကြည့်နေမိတဲ့..နာရီပေါ်ကလက်တံလေး...တရွေ့ရွေ့သွားနေသလို..သူ့စိတ်တို့ကလဲ..စိုးရိမ်ခြင်းအမှတ်ဆီကို..တရွေ့ရွေ့သွားနေလေတော့သည်။အချိန်ကုန်လာလေ..လူကငြိမ်ငြိမ်မနေနိုင်လေဖြစ်နေရသည့်သူ...ကလေးလေး..သူ့ဆီလာရာလမ်းမှာများ....ဒိန်းကနဲဝင်လာတဲ့အတွေးကြောင့်..ငြိမ်မနေနိုင်တော့တဲ့အဆုံး...စားပွဲပေါ်ကကားသော့ကိုလှမ်းဆွဲ..အောက်ထပ်ဆင်းဖို့..ပြင်လိုက်တဲ့..အချိန်လေးမှာကို....
"🎵🎵...ကိုယ်လိုချင်တာ!!!.🎵🎵🎵.တစ်ကယ်ဆို..မာယာတွေမပါ!!!.🎵🎵🎵.................🎵🎵🎵"
ဂီတာသံတစ်ဒေါင်ဒေါင်အပြင်..ထွက်ပေါ်လာသည့်သီချင်းသံကြားလိုက်ရတော့မှ..သက်ပြင်းကြီးချလိုက်နိုင်တော့သည်။
"ဟူးး!!!......"
ရင်မောရပါလား..ကလေးလေးရယ်...
ပြတင်းပေါက်နားကိုပြေးကပ်လိုက်ပြီးလိုက်ကာလေးအသာပြန်လှပ်ကြည့်လိုက်တော့...ကားစက်ခေါင်းပေါ်တက်ထိုင်ပြီး..ဂျူတီကုပ်ပင်မချွတ်ခဲ့နိုင်...သီချင်းအော်ဆိုနေသည့်ကလေးလေးကိုသူတွေ့လိုက်ရတော့တယ်။
ဘယ်လောက်တောင်များ..အပြေးလာခဲ့လိုက်ရသလဲ..ကလေးလေးရယ်......
ကလေးလေးမှသူ့အားရည်ရွယ်ပြီးသီဆိုနေသည့်သီချင်းသံကို..လက်ထဲရှိလိုက်ကာစကြီးကိုဆွဲလိမ်ရင်း..ဆွဲလိမ်ရင်း...တစ်စိမ့်စိမ့်နားထောင်လိုက်တာဘယ်လောက်တောင်အရှိန်ပါသွားရသည့်မသိ...သူ့ကိုယ်သူပြန်သတိထားမိလိုက်တဲ့အချိန်မှာတော့..သူက..မံမီတစ်ကောင်လို..ဖြစ်သွားနေပြီ....
YOU ARE READING
မောင့်ရှင်သန်ရာ..(S-2)
Fanfictionဤဇာတ်လမ်းပါအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူးသပ်သပ်သာဖြစ်သည်မို့ပြင်ပလောကနှင့်များစွာကွဲလွဲနိုင်ပါကြောင်းအသိပေးအပ်ပါသည်။ပထမဆုံးအရေးအသားမို့လိုအပ်ချက်များစွာရှိနေသည်ကိုတော့နားလည်ပေးစေလိုပါသည်။ဇာတ်လမ်းဇာတ်ကွက်တို့တွင်လဲဟာကွက်များစွာရှိနေနိုင်သလိုအရေးအသ...