...
...
...
(unicode )
ဒီလိုနဲ့အချိန်တွေကုန်လွန်လာလိုက်တာ...သူဒီရွာမှာသောင်တင်နေခဲ့တာတောင်..လေးလကျော်ရှိလာပါပေါ့....သံယောဇဉ်တဲ့....တွယ်ငြိမိရာ..ဖြတ်မတောက်နိုင်ပါ....အင်အားမရှိ.....လွန်ဆန်နိုင်ဖို့ရာမရှိ.....ဘယ်လိုနည်းနဲ့..သူပြောထွက်နိုင်ပါ့.....ဒီချစ်ဖို့..ခင်ဖို့ရာကောင်းလွန်းလှတဲ့...ရွာသူရွာသားတွေ...သူ့အပေါ်သားအရင်းတဖွယ်..ပြုစုစောင့်ရှောက်ပေးခဲ့အဘနဲ့အမို့...ဒီလိုအဖိုးတန်လူသားလေးတွေကို..သူတစ်ကယ်မခွဲချင်မိသေးပါ....သို့သော်...ရှင်သန်ရပြန်တော့လဲ...လျှောက်လက်စလမ်းကို..ခရီးဘယ်လောက်ကြမ်းကြမ်းဆက်လျှောက်လှမ်းရဦးမှာပေါ့...ဒါလောကနိယာမပဲလေ...သူလွန်ဆန်လိုက်လို့မှမရပဲ....အတွေးဆိုတာ..လက်တွေ့လုပ်ဆောင်မှ..အကောင်အထည်ပေါ်ရတာဆိုတော့...လှဲအိပ်နေရာမှ..သူထထိုင်လိုက်တယ်.....ပြီးတော့ထရပ်တယ်....လေးပင်သောခြေလှမ်းနဲ့အတူ..အိပ်ခန်းတွင်းကနေထွက်တယ်....ပျဉ်လှေကားထစ်လေးတွေကိုနင်းဖြတ်ပြီး...အောက်ဆင်းတယ်...အောက်ရောက်တော့...ခြေနင်းခုံပေါ်က...ဆင်ကြယ်တံဆိပ်..ကြက်ပေါင်ဖိနပ်လေးကို..ကောက်စီးပြီး...အိမ်ရှေ့က...ဆိုင်ခန်းလေးရှိရာဆီကိုသူလျှောက်လာခဲ့တယ်......ဆိုင်အဝင်ဝရောက်တော့...အသံတစ်ချက်အရင်ပြုလိုက်တယ်....ဒါက...လေးစားသမှုပြုခြင်းတစ်မျိုးပဲလေ....
"အဘ!....အမို့!....."
"အေး!..မောင်ရင်...အဘနဲ့အမို့..အထဲမှာရှိတယ်..ဝင်လာချေ...."
"ဟုတ်ကဲ့..အဘ..."
ဆိုင်အတွင်းကအဘအသံပြန်ကြားလိုက်တော့မှ..သူဆိုင်ခန်းတွင်းဝင်လိုက်တယ်...စားပွဲခုံ..ခြေတံရှည်တစ်လုံးကိုအလယ်ကချထားပြီး...မျက်နှာချင်းဆိုင်ထားတဲ့ခုံနှစ်ခုံရဲ့တစ်ဖက်မှာတော့..အဘနဲ့အမို့ထိုင်နေတယ်...သူလဲမျက်နှာချင်းဆိုင်အနေအထားနဲ့..ဝင်ထိုင်လိုက်တယ်....သူသက်ပြင်းချတယ်...မဝံ့မရဲပုံနဲ့...ခေါင်းကိုငုံ့ထားမိတယ်....သူဘယ်လိုစပြောရပါ့မလဲ...အာစေးမိထားတဲ့လူတစ်ယောက်နှယ်....စကားလုံးတွေကပါပျောက်ရှနေခဲ့ရတယ်......
"အိမ်ပြန်ချင်နေပြီလား....."
လူကြီးဆိုတာ..အရိပ်အကဲခတ်တာတော်တယ်တဲ့...တစ်ကယ်လဲ...တော်နေတာပဲ...သူ့ကို..အစပျိုးပေးလာတဲ့..အဘမေးခွန်းကိုသူ..ခေါင်းငြိမ့်လိုက်ပြီးတာပြန်ဖြေဖြစ်လိုက်တယ်...ဒါကမလေးစားခြင်းမဟုတ်ပါပဲ.....စိတ်မကောင်းဖြစ်သွားမဲ့..အဘနဲ့အမို့...မျက်ဝန်းတွေကို..သူရင်မဆိုင်ရဲခြင်းသာ....
YOU ARE READING
မောင့်ရှင်သန်ရာ..(S-2)
Fanfictionဤဇာတ်လမ်းပါအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူးသပ်သပ်သာဖြစ်သည်မို့ပြင်ပလောကနှင့်များစွာကွဲလွဲနိုင်ပါကြောင်းအသိပေးအပ်ပါသည်။ပထမဆုံးအရေးအသားမို့လိုအပ်ချက်များစွာရှိနေသည်ကိုတော့နားလည်ပေးစေလိုပါသည်။ဇာတ်လမ်းဇာတ်ကွက်တို့တွင်လဲဟာကွက်များစွာရှိနေနိုင်သလိုအရေးအသ...