အပိုင်း- 9

95 4 0
                                    

...

...

...

(unicode )

"ဟား!....."

လတ်ဆတ်သော..လေထုကို..အဆုတ်သွင်းသို့ခပ်..ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ရင်း..အောက်သို့သူငုံ့ကြည့်လိုက်သော..လမ်းမထက်တွင်တော့ပျားပန်းခတ်နေအောင်သွားလာလှုပ်ရှားနေကြသူများ.....ကားများမှာလဲ..တစ်စီးနှင့်တစ်စီး..ထပ်မတတ်..ညှပ်မတတ်....အပေါ်စီးမှ..မြင်နေရသည့်..ထိုအသက်ရှုကြပ်စရာမြင်ကွင်းကပင်..စိတ်အစဉ်ကောင်းနေရသည့်သူ့အား..အာရုံနောက်စရာတစ်ခုဖြစ်ရှိမနေ။

"အဟင်း!..."

ဒီပြသနာကို..ဘယ်လိုနည်းလမ်းမျိုးနဲ့..ဖြေရှင်းလိုက်မလဲဆိုတာကို..သူတစ်ကယ်စိတ်ဝင်စားမိတယ်။သူ့ခံစားချက်အရဆိုရင်တော့ ကောင်းကောင်းကြီးကိုင်တွယ်ဖြေရှင်းလိုက်နိုင်မယ်ဆိုတာကိုပဲ။စက်ရိုင်းဆိုတဲ့..အကောင်ရဲ့..ထက်မြက်မှု့ကတော်ရုံလား။

"မင်းဘယ်လိုနည်းလမ်းမျိုးနဲ့..အကွက်တွေရွေ့လိုက်မလဲဆိုတာကိုတော့ ..ငါတစ်ကယ်သိချင်မိတယ်..စက်ရိုင်း...."

ဘောင်ပေါ်လက်ထောက်တင်ထားရာမှ.ရှေ့သို့ပြန်လှည့်လိုက်ပြီး...နောက်ပြန်ကျောပေးမှီချလိုက်တော့...သူ့မြင်ကွင်းထဲဝင်လာသည်က..စိမ်းစိမ်းစိုစိုအပင်ငယ်လေးများသာ.....ထိုအပင်ငယ်လေးများကြောင့်..အာရုံပြောင်းသွားရသည့်သူ....တစ်စုံတစ်ယောက်ကိုပါလှမ်းချီးကျူးဖြစ်လိုက်သည်။

စက်ရိုင်းဆိုတဲ့..အကောင်ကဒီလိုကျတော့လဲစိတ်ကူးကကောင်းတား။မင်းကိုအထင်ကြီးမိတယ်ဆိုတာ..ဒီလိုစိတ်ကူးကောင်းတွေကြောင့်လဲပါတယ်။ဆိုးတော့..မဆိုးဘူး..မင်းက..တစ်ခြားသူတွေတွက်ကိုပါ..တွေးပေးတတ်တား။

ဒီလိုအလှတရားကြီးကို....ခုလို..စိတ်ကြည်နေရတဲ့အချိန်မှာ..........ကော်ဖီလေးတစ်ခွက်လောက်သာသောက်ရင်းဇိမ်ခံကြည့်နေလိုက်မယ်ဆိုရင်..ဘယ်လောက်တောင်များပြီးပြည့်စုံနေမဲ့အခိုက်အတန့်တစ်ခုဖြစ်နေလိုက်မလဲလို့။

ထိုသို့တွေးမိနေခိုက်.....သူ့မြင်ကွင်းထဲ..ပေါ်လာခဲ့သည့်မိုက်ကြောင့်...သူ့နှုတ်ခမ်းထောင့်စွန်းလေး..လေးကိုင်းသဏ္ဌာန်ကွေးတက်သွားရလေတော့သည်။

မောင့်ရှင်သန်ရာ..(S-2)Where stories live. Discover now