အပိုင်း- 4

120 5 0
                                    

...

...

...

(unicode)

........Sunset..Hotel.....

ထောင့်ခပ်ကျကျဝိုင်းတွင်..သူဝိုင်ခွက်လေးကိုင်ကာတစ်ယောက်တည်းရပ်နေစဉ်....

"ကိုမင်းစိုး!..ပျင်းနေပြီလား!..."

ဆိုသောသူ့နောက်ပါးမှ..စကားသံကြောင့်သူနောက်သို့လှည့်ကြည့်လိုက်တော့..အသွင်သားစံဖြစ်နေသည်ကြောင့်..သူ့နှုတ်ခမ်းတစ်ဖက်လေးအားတွန့်ကွေးရုံကွေးကာပြုံးလိုက်ပြီး..လက်ထဲရှိဝိုင်ခွက်လေးအားမြှောက်ပြကာ..သောက်ချလိုက်သည်။ပြီးသည်နှင့်လက်ထဲရှိဝိုင်ခွက်အလွတ်လေးအား..စားပွဲပေါ်သို့တင်လိုက်ပြီး...

"ဘယ်လိုလဲ..."

ဟုသူမေးလိုက်တော့...

"ဖြေးဖြေးပေါ့...လာပါလိမ့်မယ်..."

"သေချာရင်ပြီးတာပဲ...."

သူသေချာစိုက်ကြည့်ရင်းထိုစကားကိုပြန်ပြောလိုက်သည်ကြောင့်..သူ့မမှ..သူ့ထံတည်နေသည့်အကြည့်တို့ကိုတစ်ခြားတစ်နေရာသို့လွဲပြောင်းလိုက်ပြီး...လက်ထဲရှိဝိုင်ခွက်ကိုသာ..အကြောင်းရင်းမရှိဝှေ့ရမ်းနေလေတော့သည်။

"ဟေး!!!...စံ!!!.."

ဟူသောအသံနှင့်အတူခပ်လှမ်းလှမ်းဝိုင်းမှ..လက်ထောင်ပြလာသည့်ကောင်လေးတစ်ယောက်ကြောင့်အသွင်သားစံမှ..လက်ပြန်ထောင်ပြလိုက်ရင်း..သူ့ကိုပြန်ကြည့်လာကာ..

"အသွင်..ဟိုဘက်ဝိုင်းကို..ခနလောက်သွားလို့ရမလား.."

ဟုသူ့အားခွင့်တောင်းသလိုပြောလာသည့်သူမကြောင့်...

"မတားဘူးးးး"

ဟုသာသူခပ်ပြတ်ပြတ်ပြောချလိုက်တော့လှည့်ထွက်သွားသည့်..ကျောပြင်လေးကို..စိုက်ကြည့်လိုက်ရင်းမှသူ့လက်ရှိနာရီကိုပါ..တစ်ချက်ငုံ့ကြည့်ဖြစ်လိုက်သည်။

"အဟွင်း...."

............................

"အသွင်က..ကိုလေးမလာတော့ဘူးထင်နေတာ..ဘာလို့နောက်ကျနေတာလဲလို့.."

ဟူသော..အသွင်သားစံ..အသံကြောင့်..သူထိုဘက်သို့လှမ်းကြည့်လိုက်တော့...သူ့ရင်အစုံမှာ...တာထွက်သွားသည့်..မြင်းတစ်ကောင်နှယ်..ဒုန်းဆိုင်းကာ..အခုန်မြန်သွားရတော့သည်မို့သူယောင်၍ပင်နောက်ကျောပေးကာလှည့်လိုက်မိသည်။တော်တော်ကြာသည်ထိကိုပြန်လှည့်မကြည့်ဖြစ်သေးပါပဲ..မြန်ဆန်နေသည့်..ရင်ခုန်သံကိုသာ..အတတ်နိုင်ဆုံးတည်ငြိမ်သွားအောင်အရင်ထိန်းနေလိုက်သည်။ပြီးတော့မှ..ရင်ဘတ်လေးကိုအသာပုတ်၍ပြန်လှည့်ကြည့်လိုက်သည်။

မောင့်ရှင်သန်ရာ..(S-2)Where stories live. Discover now