အပိုင်း- 42

53 2 0
                                    

...

...

...

(unicode )

"ဖြေးဖြေးဆင်း...အကို...."

ကားပေါ်ကနေသူဆင်းတော့....ထိုကောင်လေးကကားအောက်ကနေလို့သူ့ကိုအားမရှိတဲ့လူမမာတစ်ယောက်လိုမျိုးလက်ကိုလှမ်းလို့တွဲလာသည်...သူကထိုလက်တွေကိုပုပ်ထုတ်လိုက်ရင်း....ဘုဆတ်ဆတ်အသံဖြင့်ပြန်ပြောလိုက်သည်...

"ရတယ်...မတွဲနဲ့....."

အမှတ်မရှိတဲ့ထိုကောင်လေးကတော့..သူ့လက်တွေကိုပြန်တွဲဖို့ကြိုးစားလိုက်ပြီး...."ဟို..."ဆိုသော..အသံထွက်လာခဲ့တာကြောင့်..သူမျက်စောင်းရွယ်ရင်း....

"ဟိုဟိုဒီဒီတွေလုပ်မနေနဲ့...မိုးထိလွှာ...ဖြစ်တာကလက်...ခြေထောက်တွေမဟုတ်ဘူး....ငါ့ခြေထောက်တွေကလေ..ကောင်းလွန်းနေတာမှ...မင်းကိုတောင်ဆာင့်ကန်လိုက်လို့ရတယ်...နားလည်လား...."

"အကိုကလဲဗျာ...ကျွန်တော်က...."

"နားညီးတယ်!!...ပါးစပ်ပိတ်!!...."

"ဟုတ်ကဲ့...."

ကားပေါ်ကနေဆင်းလာသည့်အကိုကသူ့ကိုတစ်ချက်လှည့်လို့မကြည့်ပါပဲ..အိမ်ထဲကိုသာတန်းဝင်လို့သွားသည်....ကားဘေးရပ်နေသည့်အကိုမှိုင်းကိုသူကကြည့်မိလိုက်တော့....ပြုံးလို့ကြည့်နေတာကြောင့်သူကခေါင်းကိုမြန်မြန်ကြီးအောက်ငုံ့ချပစ်လိုက်မိသည်....

"မင်းလူက...တစ်ကယ်ချောတာနော်...ရုပ်ကတော့မင်းသားလုပ်စားရင်လား....ကောင်မလေးတွေသည်းသည်းလှုပ်လိုက်မဲ့ဖြစ်ခြင်း....ဒါကြောင့်...မိုးထိတို့ကအဖြစ်သည်းပြီးတစ်ဖြုတ်ဖြုတ်တွေကိုကြွေကျနေတာကို..."

"အကိုမှိုင်းကလဲဗျာ....."

"ကြိုးစားထား...ငါတော့မင်းဘက်ကနေအားပေးနေတယ်...ခုလောလောဆယ်မှာ...ဟိုကမင်းကိုဂရုမစိုက်သေးပေမဲ့...အချိန်တစ်ခုရောက်လာရင်တော့...မင်းတွက်ဆုလာဒ်တစ်ခုကစောင့်ကြိုနေမှာပါ.....ဒါမျိုးကိုမင်းယုံတယ်မဟုတ်ဘူးလား..."

"ဟုတ်ကဲ့...အကိုမှိုင်း.....ကျွန်တော်အကြွင်းမဲ့ကိုယုံကြည်နေပါတယ်....တစ်နေ့နေ့တစ်ချိန်ချိန်မှာ...ကျွန်တော့အချစ်တွေ..အရာဝင်လာမယ်ဆိုတာကို....လုံးဝလုံးဝယုံကြည်နေတယ်..."

မောင့်ရှင်သန်ရာ..(S-2)Where stories live. Discover now