အပိုင်း- 2

237 6 0
                                    

...

...

...

(Unicode)

...Galaxy..Bar..

သူအရက်ခွက်လေးကိုဆော့ကစားရင်း.ရှေ့က..မိန်းမလှလေးကိုသာ..စိုက်ကြည့်နေလိုက်သည်။ခနအကြာတွင်တော့..ကောင်လေးတစ်ယောက်ဝင်လာကာ..ထိုမိန်းမလှလေးဘေးရှိခုံအားခပ်ကြမ်းကြမ်းဆွဲယူကာ..ထိုင်ချလိုက်သည့်အပြုအမူတို့ကြောင့်..သူ့မျက်ခုံးနှစ်တန်းပင်..စုကြုံ့သွားရတော့သည်။ထိုလူနှစ်ယောက်ကြားတွင်စိတ်ဝင်စားစရာကောင်းသည့်အရာတစ်ခုခုရှိလောက်မည်ဟုသူထင်မိသည်ကြောင့်လက်ထဲရှိအရက်ခွက်ကို..စားပွဲပေါ်သို့ပြန်ချထားလိုက်ပြီး...သူ့အင်္ကျီအိပ်ကပ်တွင်းရှိဖုန်းအားဆွဲထုတ်လိုက်ကာ....

ရင့်ရှ..ငါမင်း..Bar..မှာ...

ဟုစာပို့လိုက်တော့..တစ်ဖက်မှလဲ..သူ့အားချက်ခြင်းစာပြန်လာလေတော့သည်။

အင်း

ငါမင်းအကူအညီလိုလို့...

ဟုသူဆက်ပို့လိုက်တော့...

ဆို...

ဟုသာ..တစ်လုံးတည်းပြန်ပို့လာလေသည့်မို့သူအနည်းငယ်ပင်ပြုံးမိသွားရတော့သည်။

အင်း..ညာဘက်ထောင့်ဝိုင်းမှာ.မော်ဒယ်..အသွင်သားစံ...အဖော်တစ်ယောက်နဲ့ထိုင်နေတယ်..အဲ့ဒါသူတို့ဘာပြောနေကြသလဲဆိုတာကို..ငါသိချင်လို့..အဲ့ဒါ...မင်းလုပ်ပေးနိုင်မလား..

နောက်ဆက်တွဲက...

မင်းဆီ..ဘာတစ်ခုမှ..ရောက်မလာစေရဘူး..

အိုခေ..ခနစောင့်..

ရှင်းရှင်းလင်းလင်းနဲ့ကြည်ကြည်လင်လင်တော့ဖြစ်ပါစေနော်

ငါသိတယ်....

သူ့ကိုယ်အားခုံကျောမှီပေါ်သို့ခပ်လျောလျော..မှီချပစ်လိုက်ပြီး.....သူ့ရှေ့ရှိထိုမြင်ကွင်းမှအနေအထားတို့ကို.သာ.အကဲခတ်ကြည့်ရင်း...စောင့်နေလိုက်သည်။သူမြင်နေရသလောက်တို့ကို..သုံးသပ်ပြရမယ်ဆိုရင်တော့.နှစ်ယောက်ကြားက.အခြေအနေမှာသိပ်မဟန်သည့်ပုံမို့..သူမဲ့ပြုံးတစ်ချက်ကိုပင်..ပြုံးလိုက်မိသည်။တစ်နာရီနီးပါးလောက်အကြာတွင်တော့....

မောင့်ရှင်သန်ရာ..(S-2)Where stories live. Discover now