...
...
...
(unicode )
"ခင်မမမျိုး!!!..ခင်မမမျိုး!!!!!...မင်းအခုချက်ချင်း..ထွက်လာခဲ့လိုက်စမ်း!!!!!....."
"ဖေဖေ....ဖေဖေ....ဘာဖြစ်လို့လဲဟင်...."
အောက်ထပ်ကနေ....လင်ဖြစ်သူနှုတ်မှ...သူမနာမည်အား....ဒေါသတကြီးအော်ခေါ်လိုက်တဲ့အသံကြောင့်...အပေါ်ထပ်ကအခန်းထဲတွင်အနားယူနေသည့်သူမ...ကုတင်ပေါ်ကနေလောလောဆင်းလိုက်ပြီး....အခန်းပြင်ပြေးထွက်လိုက်မိသည်.....သူမလှေကားထိပ်ကိုရောက်တော့....သမီးကြီး၏အမေးစကားကိုအတိုင်းသားကြားလိုက်ရသည်.....ဘယ်တိုင်းပြည်ကိုလေလွင့်လွန်နေမှန်းမသိတဲ့သူမလင်ဖြစ်သူလေလွှင့်သူကြီးက....ခရီးပဲရောက်မစိုက်....ဘာထဖြစ်ရပြန်ပြီလဲမသိ.....သူမ..လှေကားအလယ်လောက်ကိုရောက်လာရတော့....လင်ဖြစ်သူကသမီးကြီး၏အမေးကိုပြန်မဖြေပါပဲလှေကားကိုသာမျက်ထောင့်နီကြီးဖြင့်စိုက်ကြည့်လို့နေသည်ကိုသူမတွေ့လိုက်ရတော့သည်......ပါလာသည့်..ခရီးဆောင်အိပ်ကိုတွန်းလှဲပစ်လိုက်ပုံရသည်...ခပ်ဝေးဝေးနေရာတွင်...လှဲလျက်လေး...ရှိနေရ၏.....အကြည့်တစ်ခုနဲ့တင်....တစ်ခုခုဖြစ်လာပြီမှန်းသူမ..ခန့်မှန်းမိလိုက်တာကြောင့်ခြေလှမ်းတို့က...ပုံမှန်ထက်နှေးကွေးလို့သွားရတော့သည်...လက်ရန်းကိုကိုင်ရင်း...လှေကားထစ်တွေကို...ဖြည်းဖြည်းချင်းဆီနင်းဖြတ်လျှောက်ရင်း.....
"ကိုရယ်..မထိပ်သာမလန့်သာ.....ရှိလိုက်တာ..ခရီးရောက်မစိုက်...အမောပြေအနားလေးဘာလေးအရင်ယူမယ်မရှိဘူး.....ဘာဖြစ်လို့ရန်ကအရင်လိုနေရတာလဲလို့......"
"ဖြန်း!..."
"အ့!..."
"ဖေဖေ!!..."
သူမအမေးစကားကိုဆုံးတဲ့ထိနားထောင်ပေးပြီးတဲ့နောက်မှာတော့..........ရုတ်တရက်ကြီးဆိုသလို....ဘာမပြောညာမပြောဖြင့်.......သူမပါးအား....ရိုက်ချလိုက်သည်...ယောင်္ကျားအားဖြစ်တာကြောင့်..သူမကြမ်းပြင်ပေါ်ကိုပုံလို့လှဲကျသွားခဲ့ရတော့သည်..သမီးကြီးမှာလဲသူမအနားကိုပြေးလာခဲ့ပြီး...သူမအားတွဲကူထူပေးနေလေတော့သည်...သူမ...ထရပ်လိုက်ပြီး...လင်ဖြစ်သူကိုမျက်နှာချင်းဆိုင်လိုက်ကာ........ဘယ်တုန်းကမှသူမအပေါ်ကိုဆို....လက်မပါခဲ့ဖူးသည့်ယောင်္ကျားဖြစ်သူဆီကနေ..ပထမဆုံးအကြိမ်ဖြင့်......ပါးရိုက်ခံလိုက်ရပါလားဆိုတဲ့အသိကြောင့်....သူမ..မယုံနိုင်ကိုဖြစ်လို့သွားရသည်...ထို့ကြောင့်........လင်ဖြစ်သူမျက်နှာကို...စိမ်းစိမ်းကြီးကြည့်ကာအာ်ပြီးမေးလိုက်မိသည်.......
YOU ARE READING
မောင့်ရှင်သန်ရာ..(S-2)
Fanfictionဤဇာတ်လမ်းပါအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူးသပ်သပ်သာဖြစ်သည်မို့ပြင်ပလောကနှင့်များစွာကွဲလွဲနိုင်ပါကြောင်းအသိပေးအပ်ပါသည်။ပထမဆုံးအရေးအသားမို့လိုအပ်ချက်များစွာရှိနေသည်ကိုတော့နားလည်ပေးစေလိုပါသည်။ဇာတ်လမ်းဇာတ်ကွက်တို့တွင်လဲဟာကွက်များစွာရှိနေနိုင်သလိုအရေးအသ...